" ဟင့် ဘယ်လိုလုပ်ရမလဲ မခွဲချင်သေးဘူး "
သူ့အခန်းရှေ့ရောက်နေပြီးဆိုပေမယ့် Jisoo ပခုံးပေါ်ခေါင်းလေးတင်ရင်း Jisoo ရဲ့ လက်မောင်းကိုလည်း သူ့လက်၂ဖက်လုံးနဲ့ အတင်းတွယ်ထားသေးသည်
အတင်းကပ်ချွဲနေတဲ့ ကောင်မလေးကိုကြည့်ကာ ပြုံးလိုက်ပြီး သူ့ခေါင်းလေးကို ခပ်ဖွဖွပုတ်ပေးရင်း
" Chu လည်း မခွဲချင်သေးပါဘူး ဒါပေမယ့် ဘယ်လိုလုပ်မလဲ စာသင်ရဦးမယ်လေ Chu ရဲ့ ကလေးလေးက လိမ္မာပါတယ် နေ့လည်ကျရင် ကန်တင်းသွားဖို့လာခေါ်ရမလား ဒီနေ့က အစည်းအဝေးလည်းမရှိတာမို့အချိန်ရတယ် "
" ဟင့်အင်း ကန်တင်းမှာ စောင့်နေမယ် အဲ့ဒီကိုပဲလာခဲ့ "
" အင်းပါ အဲ့ဒါဆိုလည်း သွားတော့မယ်နော် အထဲဝင်တော့ "
" Chu အရင်သွားလေ သွားတာကြည့်ပြီးမှ ဝင်မယ် "
" မဟုတ်တာ Jendeukie ဝင်သွားတာကြည့်ပြီးမှ စိတ်ဖြောင့်ဖြောင့်နဲ့ သွားလို့ရမှာပေါ့ "
" ဟင် မရပါဘူး Chu အရင် .. "
" ဒီနေ့ ပြီးကြဦးမှာလား စာသင်ခန်းထဲကိုရောက်တော့မှာပဲ Ruby Jane တို့က အပိုတွေသိပ်လုပ်တာ "
ရုတ်တရက်ကြားလိုက်တဲ့ အသံကြောင့် နောက်လှည့်ကြည့်လိုက်တော့ သူတို့ကို လက်ပိုက်ကာ နံရံမှီပြီးကြည့်နေတဲ့ Joy
" လန့်လိုက်တာ ပတ်ခ်ဂျိုအီရယ် "
" လန့်စရာတွေလုပ်နေတာကိုး တကယ်ပါပဲ ကျောင်းခန်းထဲဝင်ဖို့အရေးကို နှုတ်ဆက်နေတာက ခရီးဝေးသွားတော့မယ့်အတိုင်း Unnie လည်း Unnie ပဲ သူ့ကို တအားအလိုလိုက်ထားတာမဟုတ်လား လူတိုင်းကြောက်ရတဲ့ student council president တဲ့ ကြားလို့မှမကောင်း "
" တော်ပါ နင့်မှာရည်းစားမရှိတိုင်း မနာလိုဖြစ်မနေပါနဲ့ "
" huh! ငါကလည်း မလိုချင်ပါဘူး နင့်လိုရည်းစားမျိုးတော့ အလုပ်ရှုပ်လွန်းလို့ "
Jisoo က Joy စကားကြောင့်ရယ်နေပေမယ့် Jennie ကတော့ မျက်စောင်းတွေချည်း လှိမ့်ကျွေးလျက်
" ကဲပါ Unnie လည်း အခုသွားပါတော့ ကျောင်းတက်တော့မယ် ဒီအရှုပ်ထုပ်ကို အထဲခေါ်သွားတော့မယ်နော် နေ့လည်ကျရင်လည်း တွေ့ရမှာပဲကို "
" အင်းပါ Chu သွားပြီးနော် "
" ဟုတ် နေ့လည်မှတွေ့မယ် "
Jisoo ထွက်သွားတဲ့အထိ မပြီးနိုင်မစီးနိုင် လက်လှမ်းပြနေတဲ့ Jennie ကို Joy ကပဲ ကျောပိုးအိတ်ကဆွဲပြီး အထဲခေါ်သွားရတော့တယ်
" ဘာလဲ ဘာဖြစ်နေတာလဲ တကယ်ပါပဲ! "
အတန်းထဲရောက်တော့ ခုံပေါ်ထိုင်လိုက်ရင်း သူ့ကိုဆွဲခေါ်လာတဲ့ Joy ကို မကျေမနပ်နဲ့ပြောတယ်
YOU ARE READING
Between Us
Fanfictionမတူညီလို့ ဆန့်ကျင်ဘက်ဖြစ်နေလို့ဆိုပြီး အချင်းချင်း အပြန်အလှန် သဘောကျခဲ့ကြပေမယ့် နောက်ဆုံးကျ အဲ့ဒါကြောင့်ပဲ ပင်ပန်းနေရတာမလား ငါတို့ ... အဆင်ပြေတယ်ဆိုပြီး မသိချင်ယောင်ဆောင် ကျော်သွားဖို့အတွက်က ၂ယောက်လုံး ပင်ပန်းနေပြီးလေ ~