▪︎XII▪︎[EnD]

30 8 0
                                    

Jisoo အထက်တန်းနောက်ဆုံးနှစ်ဖြစ်တာရော စာမေးပွဲကလည်း နီးနေပြီးမလို့ စာထဲမှာပဲ သေချာ အာရုံစိုက်နေရပေမယ့် ပုံမှန်အတိုင်းပဲ Jennie ကို ဂရုစိုက်ဖို့တော့ မမေ့ဘူး

" Chu~ စာလုပ်ရတာ အရမ်းပင်ပန်းနေပြီးလား "

" Jen ကို မြင်လိုက်ရတော့ အားပြန်ပြည့်သွားပြီး "

သူ့ပခုံးပေါ်ခေါင်းလေးမှီကာ ချွဲနေတဲ့ Jennie ပါးလေးကို ခပ်ဖွဖွဖိညှစ်ရင်းပြောလိုက်သည်

" ဒါနဲ့ သူတို့ရော ဘယ်ချိန်တွဲကြမှာလဲ ပတ်ခ်ဂျိုအီဖြစ်ပျက်နေတာ အသိသာကြီးကို စီနီယာက ခုထိ မလှုပ်မယှက် "

" aigoo သူများအချစ်ရေးကို ဝင်ပါချင်ပြန်ပြီး "

Jennie သောက်နေကျ yogurt ဘူးလေးကို ဖောက်ပေးတယ်

" Unnie စာသေချာလုပ်နော် ငါ့ကို အချိန်သိပ်မပေးလည်းရတာမလို့လေ စာမေးပွဲပြီးမှ အေးဆေးတွေ့လည်းရတယ် "

" မရပါဘူး Jendeuk ကိုမမြင်ရရင် Chu က ဘယ်လိုလုပ်ပြီး စာထဲ အာရုံရမှာလဲ နေ့တိုင်းတွေ့နေရမှကိုဖြစ်မှာ "

" စကားတတ်လို့ ဆုချမယ် "

Jisoo ပါးလေးကို သူ့နှာခေါင်းလေးတွေ နစ်ဝင်သွားတဲ့အထိ ဖိနမ်းပစ်လိုက်သည်

" ကဲကိုကဲတာပါ Ruby Jane တို့များ "

ရုတ်တရက် သူတို့ဝိုင်းကိုရောက်လာတဲ့ Joy က မကျေမနပ်နဲ့ ပွစိပွစိပြောနေတယ်

" Joy လည်းရောက်လာပြီးမလို့ အတန်းကို လိုက်မပို့တော့ဘူးနော် Chu လုပ်စရာလေးရှိသေးလို့ စာကိုသေချာလိုက်နားထောင် အတန်းဆင်းမှတွေ့မယ် ဟုတ်ပြီးလား Joy လည်း နောက်မှတွေ့မယ်နော် "

" ဟုတ် "

Jisoo ထွက်သွားတော့ Jennie က သူ့ဆီဖုန်းထိုးပြကာ

" ဒီလက်စွပ်လေး ဘယ်လိုနေလဲ "

" လက်စွပ်ကို ဘာလို့လဲ "

" မဟုတ်သေးဘူး ငါ့ဟာငါပဲရွေးမယ် "

" နင်ကိုအမျိုးမျိုးပဲ ဒါနဲ့ ဘာအတွက်လဲ "

" သိပ်မကြာခင် ငါတို့တွဲတာ ရက် ၁၀၀၀ ပြည့်တော့မှာလေ အဲ့ဒါကြောင့်မလို့ အချင်းချင်း လက်ဆောင်ပေးပြီး surprise လုပ်ပေးဖို့ ကတိပေးထားတာ "

" surprise လုပ်ဖို့ ကတိပေးတာလား နည်းနည်းတော့ ထူးဆန်းနေသလိုပဲ "

Joy က တွေးဆဆလေးပြောတော့

" ဘာက ထူးဆန်းလို့လဲ "

" နင်တို့လည်း အံ့သြ​စရာပဲ ရက် ၁၀၀၀ အတွင်းမှာ ရန်ဖြစ်တာ ဘယ်နှစ်ကြိမ်တောင်လဲ "

" အခုမဖြစ်တော့ပါဘူးဆိုနေ !! "

" ပြီးတာပဲ "

.
.
.

Chaeyoung ဆိုဖာပေါ်လှဲရင်း ဖုန်းသုံးနေတုန်း

📩

" Chaeyoung ah~ ဒါလေး ဘယ်လိုလဲ သူကြိုက်လောက်မယ်ထင်လား "

Between UsDonde viven las historias. Descúbrelo ahora