▪︎IX▪︎

27 8 0
                                    

" တီချယ် ~ ဒါက basic ကနေ သေချာသင်ပေးတာမလား "

Jennie ကိတ်မုန့်သင်တန်းမှာရောက်နေခြင်းပင်

" ဟုတ်ကဲ့ "

" တစ်လအတွင်း ကျွမ်းကျင်နိုင်လောက်လား "

" စိတ်က အလျင်လိုနေရင်တော့ အဆင်မပြေလောက်ဘူးပေါ့ အချိန်ပေးဖို့လည်း လိုတယ်လေ ၁ပတ်မှာ ၂ရက်ပဲမလို့ အပန်းမကြီးလောက်ပါဘူး မပျက်မကွက်လာပေးစေချင်တယ် "

" ဟုတ် မပျက်ပါဘူး ဘယ်လိုပဲဖြစ်ဖြစ် အချိန်တွေလည်း ပိုနေတာဆိုတော့ သေချာပေါက် လာတက်ပါ့မယ် "

" နောက်အပတ်ကစပြီး လာလို့ရပါပြီး "

" ဟုတ် ကျေးဇူးတင်ပါတယ် "

ဝါသနာပါတာပဲဖြစ်ဖြစ် လုပ်ကြည့်ရအောင်ဆိုပြီး သင်တန်းကိုရောက်လာခြင်းဖြစ်သည် မဟုတ်ရင် သူ အာရုံတွေ လွင့်လွင့်နေတာ

.
.
.

Jisoo ဘေးမှာ Wendy ထိုင်နေပြီး အဲ့အရှေ့ သူနဲ့မျက်စောင်းထိုးမှာတော့ Nayeon
Jisoo ရှေ့တည့်တည့်ကသူကို မော့ကြည့်လိုက်တော့ Joy က ပြုံးပြီး ကြည့်နေတာ

" ဘာ.. ဘာလို့လဲ "

" Unnie တို့ Sungjae Oppa က .. "

ထင်တဲ့အတိုင်း Yook Sungjae အကြောင်းပဲ

Joy ဒီရက်ပိုင်း တစ်ယောက်မဟုတ် တစ်ယောက်နောက်ကို လိုက်လိုက်ပြီး Sungjaeအကြောင်းတွေချည်း မေးနေတာမလို့ Jisoo တို့လည်း Joy ကို မြင်ရင် ထွက်ပြေးနေရတယ်

ဒီနေ့တော့ ၃ယောက်သား စာကြည့်တိုက်ကနေ နေ့လည်စာ စားဖို့ထွက်လာပေမယ့် စာကြည့်တိုက်လာတဲ့ Joy နဲ့တန်းတိုးခြင်းဖြစ်သည်

သူ့အပြောကတော့ စာကြည့်တိုက်လာတာဆိုပေမယ့် Jisoo တို့ နေ့လည်စာစားမလို့ဆိုတော့ သူလည်း ဗိုက်အရင်ဖြည့်မယ် ဖြစ်သွားတာပဲ

စားနေရင်းက Joyရဲ့ ဖုန်းလေး မြည်လာတာမလို့ ကောက်ကိုင်လိုက်တော့

📲

" ပတ်ခ်ဂျိုအီ~ ဘယ်မှာလဲ နေ့လည်စာ မစားရသေးဘူးမလား "

" အခုစားနေတာ "

" ဘာ? ဘယ်သူနဲ့လဲ "

" Wendy Unnieရယ် Nayeon Unnieရယ် အာ ပြီးတော့ Jisoo Unnie ရောပဲ "

" နင်က သူတို့နဲ့ ဘယ်လိုလုပ်ပြီးတော့.. "

" ဒီအတိုင်းပဲ စာကြည့်တိုက်မှာတွေ့လို့ "

" ပြီးတာပဲ ဖုန်းချလိုက်တော့မယ် "

ဖုန်းကျသွားတော့ Wendy က

" ဘယ်သူလဲ "

" Jennie ပါ .. ဒါနဲ့ Unnie တကယ်ကြီး ဟန်မြစ်သွားပြီး လမ်းခွဲလိုက်တာလား "

Joyရဲ့ စကားကြောင့် Jisoo ရေသောက်ရင်းသီးသွားတာကြောင့်

" အာ တောင်းပန်ပါတယ် Unnie ~ ငါ အရိပ်အကဲမသိပြန်ဘူး "

" ကိုယ့်​ကိုယ်ကိုသိလို့တော်သေးတာပေါ့ "

Wendy စကားကြောင့် ရယ်နေတဲ့ Nayeon

Between UsDove le storie prendono vita. Scoprilo ora