" Jendeukie ထတော့လေ ကျောင်းနောက်ကျတော့မှာပဲ "
" umm 5 မိနစ်ပဲ "
" မစောင့်ဘဲ သွားလိုက်ရမလား "
ထိုစကားကြားတော့ Jennie Kim တစ်ယောက် အိပ်နေရာကနေ ငေါက်ခနဲထထိုင်လိုက်သည်
" Unnie က မကောင်းဘူးကွာ " (pout)
" ဟော.. ဘာမှလည်း မလုပ်ရသေးတာကို "
" မသိဘူး ငါ့ကိုမစောင့်ဘဲ ကျောင်းသွားမယ်လို့ ပြောရလား "
" စတာကို စိတ်ဆိုးသွားတာလား aigoo ချစ်ဖို့ကောင်းလိုက်တာ တစ်ယောက်တည်း ထားခဲ့စရာလား ငါ့ရဲ့ဖက်ထုပ်လေးကို တော်ကြာ လမ်းပျောက်နေရင်ဘယ်လိုလုပ်မလဲ "
" ငါ့ကိုထပ်ပြီး အဲ့လိုခေါ်ပြန်ပြီး မဟုတ်ပါဘူးဆိုနေ "
" အင်းပါ အင်းပါ သိပါပြီး အခုတော့ မျက်နှာသွားသစ်တော့နော် အောက်မှာစောင့်နေမယ် ပြီးရင် မြန်မြန်ဆင်းလာခဲ့ "
" ဟုတ် "
.
.
.Jennie တစ်ယောက် ကျောင်းသွားဖို့ ပြင်ဆင်ပြီး အောက်ဆင်းလာတော့ မေမေတို့နဲ့တူတူ ရယ်မောရင်း Breakfast စားနေတဲ့ သူ့ဘေးဝင်ထိုင်လိုက်ရင်း
" ဘာလဲ ဘာတွေ ဒီလောက်ရယ်နေတာလဲ ထပ်ပြီး ငါ့အကြောင်း အတင်းတုပ်နေတာလား "
" အိမ်ချင်းကပ်ရပ်လည်းမဟုတ်ဘူး တစ်လမ်းကျော်ခြားတာကိုတောင် နေ့တိုင်းလာနှိုးနေတဲ့ Jisoo လေးကို အားမနာဘူးလား ညဥ့်နက်တဲ့ထိ ဂိမ်းတွေမဆော့ပါနဲ့လို့ပြောလည်း နားမထောင်ဘူး အဲ့ဒါကြောင့် မထနိုင်တာပေါ့ "
" ဟွန့် အားနာစရာလား မာမီကလည်း ကိုယ့်သမီးကို ပြောဖို့ချည်းပဲ တော်ပြီး ကျောင်းသွားတော့မယ် "
ပေါင်မုန့်တစ်ချပ်ယူလိုက်ရင်း စူပုတ်ပုတ်နဲ့ ကျောင်းသွားဖို့ပြင်လိုက်ပေမယ့် အခုထိထိုင်လျက်အနေအထားနဲ့ ရယ်နေတဲ့သူ့ကို မျက်စောင်းထိုးလိုက်ရင်း
" ဘာလုပ်နေတာလဲ ကျောင်းမသွားဘဲ တစ်နေ့လုံးထိုင်ရယ်နေတော့မှာလား နေခဲ့လိုက်တော့ အဲ့ဒါဆိုလည်း "
" အယ် .. မဟုတ် .. ခဏနေပါဦး "
စိတ်ကောက်ပြီး ကောက်ကာငင်ကာထွက်သွားတဲ့ ပေါက်စနောက်ကို Jisoo တစ်ယောက် လွယ်အိတ်ကိုအမြန်ဆွဲပြီး ပြေးလိုက်ရတော့သည်
" Kim Jennie ssi!! Ruby Janeလေးရေ~ နေပါဦး Chu ကို မစောင့်တော့ဘူးလား "
သူ့နောက်ကို အမှီလိုက်ရင်း အနားရောက်တာနဲ့ လက်ကိုဆုပ်ကိုင်လိုက်မှပဲ ကလေးပေါက်စက ခြေလှမ်းတွေရပ်ပစ်ရင်း စူပုတ်ပုတ်လေးနဲ့ လှည့်ကြည့်လာတယ်
" Aigoo ငါ့ရဲ့ဝက်ဝံပေါက်လေးက စိတ်ကြီးနေတာပဲ "
" ထပ်စပြန်ပြီး Chu! ငါတကယ်စိတ်ဆိုးလိုက်တော့မှာနော် "
" အင်းပါ မစတော့ဘူး "
Jisoo က ရယ်လိုက်ရင်း သူ့လက်ကလေးကို ပိုပြီး တင်းကြပ်စွာဆုပ်ကိုင်လိုက်တော့ လက်သေးသေးလေးက ပြန်လည်ဆုပ်ကိုင်လာသည်
" ဒါနဲ့ Chu~ Chaeyoungရော ကျောင်းသွားနှင့်ပြီးလား "
" အာ ဟုတ်သားပဲ သူဒီနေ့ ကျောင်းစောစောသွားရမယ်ပြောထားတာ မေ့ပြီး မနှိုးလိုက်မိဘူး မေမေနှိုးပါစေလို့ ဆုတောင်းရမှာပဲ "
" အိမ်ကို ဘယ်လိုပြောပြီးထွက်လာတာလဲ Chaeyoungie ကို ထားခဲ့ပြီးတော့ "
" ဒီနေ့ student council အစည်းအဝေးရှိလို့ စောစောသွားရမယ်ဆိုပြီးတော့လေ ဟီး "
" ငါ့ကိုအဲ့လောက်တွေ့ချင်နေတာလား တစ်ဦးတည်းသော ညီမလေးကို ချန်ခဲ့ပြီးတော့လေ ခ်ခ် "
ခေါင်းကို တဆတ်ဆတ်ငြိမ့်ပြလိုက်တော့ Jennie က တခစ်ခစ်နဲ့ရယ်တယ် ခုနက စိတ်ဆိုးနေတာက သူ မဟုတ်တဲ့အတိုင်း
" ကျောင်းကို မြန်မြန်သွားရအောင် နောက်ကျတော့မှာပဲ "
" ဟင် ဘယ်သူ့ကြောင့်လဲ အဆိုးလေးကို နှိုးနေရလို့ မဟုတ်လား "
" ahh Unnie! "
သူစိတ်ဆိုးနေတဲ့အခါမျိုးဆို Unnie ဆိုတဲ့ အသံ တန်းထွက်လာတယ် အဲ့လိုခေါ်တာလေးလည်း Jisoo က ချစ်နေရတာပဲ
" Umm ကျောင်းနောက်ကျတော့မှာပဲ မြန်မြန်သွားရအောင် "
သူ့လက်ကိုဆွဲပြီးပြေးသွားတဲ့ Jisoo နောက်ကို Jennie Kim တစ်ယောက် အပြေးလေးလိုက်ရပါတော့တယ်
ဟုတ်ပါတယ် Jennie Ruby Jane က Kim Jisoo ရဲ့ သည်းသည်းလှုပ်ချစ်ရတဲ့ ချစ်သူလေး
Jisoo က Jennie ထက် တစ်နှစ်ကြီးတဲ့ စီနီယာဖြစ်ပြီး Jennie အလယ်တန်း နောက်ဆုံးနှစ်လောက်က စတွဲဖြစ်ကြတာပဲ
အခုတော့ Jisoo က အထက်တန်းနောက်ဆုံးနှစ် တွဲလာတဲ့သက်တမ်းက ၂နှစ်ကျော်လောက်ရှိပြီးဆိုပေမယ့် ဒီကြားထဲ စိတ်ဆိုးစိတ်ကောက်ရင်း လမ်းခွဲလိုက်ပြန်တွဲလိုက်နဲ့ သံသရာလည်နေတော့တာ
Park Chaeyoung ကတော့ Jisoo ရဲ့ ၂ယောက်မရှိတဲ့ ညီမတစ်ဝမ်းကွဲလေး Chaeyoung ရဲ့မေမေနဲ့ Jisoo ရဲ့မေမေနဲ့က ညီအစ်မအရင်းကြီးတွေ Chaeyoung မေမေက သြဇီမှာအိမ်ထောင်ကျပြီး ဟိုမှာပဲအခြေချနေပေမယ့် Park Chaeyoung ကတော့ ကိုးရီးယားမှာပဲကျောင်းတက်ချင်တယ်ဆိုလို့ Uncle နဲ့ Aunty ကလည်း မနိုင်တာနဲ့ Jisoo ရဲ့ အိမ်ကို ပို့ထားလိုက်တော့တာပဲ
.
.
." ahh! Jisoo Unnie! နှိုးပါဆိုတာကို အခုတော့ နောက်ကျနေပြီး Alarm က တန်းစီပြီးပေးထားတာတောင် ဘာလို့မမြည်တာလဲ ဖုန်းက စုတ်နေပြီးလား မဟုတ်သေးဘူး အဲ့ဒါထက် အခု မြန်မြန်ပြင်ဆင်ပြီး ကျောင်းကို သွားမှပဲ "
Chaeyoung တစ်ယောက် ပြင်ဆင်ပြီး လေလိုအရှိန်နဲ့ ပြေးဆင်းလာတာမို့
" Chaeyoungie နိုးပြီးလား မနက်စာ စားသွား .. "
" မစားတော့ဘူး Aunty ကျောင်းရောက်မှပဲ "
ဖိနပ်အမြန်ကောက်စွပ်ပြီး ကျောင်းကို ဒရောသောပါးပြေးရတော့သည်
ဒါကတော့ ရည်းစားကလွဲရင် ဘာမှမမြင်တဲ့ အစ်မရထားတဲ့ Park Chaeyoung ရဲ့ ဒုက္ခလေးတဖြတ်ပေါ့ :((
.
.
.TBC 》 》》
ကြည့်ဖူးတဲ့ Web drama တစ်ခုကနေ (နာမည်သေချာမမှတ်မိတော့လို့) inspire ယူပြီး ပြန်ရေးထားတာပါ
STAI LEGGENDO
Between Us
Fanfictionမတူညီလို့ ဆန့်ကျင်ဘက်ဖြစ်နေလို့ဆိုပြီး အချင်းချင်း အပြန်အလှန် သဘောကျခဲ့ကြပေမယ့် နောက်ဆုံးကျ အဲ့ဒါကြောင့်ပဲ ပင်ပန်းနေရတာမလား ငါတို့ ... အဆင်ပြေတယ်ဆိုပြီး မသိချင်ယောင်ဆောင် ကျော်သွားဖို့အတွက်က ၂ယောက်လုံး ပင်ပန်းနေပြီးလေ ~