▪︎V▪︎

32 7 0
                                    

{Unicode}

" ChuChu ~ အစည်းအဝေး ဘယ်ချိန်ပြီးမှာလဲ လွမ်းနေပြီး " 📩


အစည်းအဝေးခန်းထဲက ထွက်လာရင်း ပန်းခြံနားရောက်ခါနီး ဓါတ်ပုံလေးတစ်ပုံနဲ့ message တစ်စောင် ဝင်လာတာမလို့ Jisoo အပြုံးတွေ မရပ်နိုင်တော့

Oups ! Cette image n'est pas conforme à nos directives de contenu. Afin de continuer la publication, veuillez la retirer ou mettre en ligne une autre image.

အစည်းအဝေးခန်းထဲက ထွက်လာရင်း ပန်းခြံနားရောက်ခါနီး ဓါတ်ပုံလေးတစ်ပုံနဲ့ message တစ်စောင် ဝင်လာတာမလို့ Jisoo အပြုံးတွေ မရပ်နိုင်တော့

💭 ' အဲ့ပါးဖောင်းဖောင်းလေးတွေကို တွေ့မှ ကောက်နမ်းပစ်ဦးမယ် '

Jisoo ရှေ့ကို လှမ်းကြည့်လိုက်တော့ တစ်ယောက်တည်း selfie ရိုက်နေတဲ့ Jennie ကိုတွေ့တော့ နှုတ်ခမ်းတွေ အလိုလို ကွေးသွားပေမယ့် မျက်လုံးထဲထပ်ဝင်လာတဲ့သူကြောင့် အလိုမကျစွာနဲ့ မျက်ခုံးတွေကို တွန့်ချိုးလိုက်မိတယ်

Jennie တစ်ယောက် ရည်းစားဖြစ်သူကို ပို့ပေးဖို့ ဓါတ်ပုံရိုက်နေတုန်း ဘေးနားဝင်ထိုင်ပြီး လက်၂ချောင်းလာထောင်တဲ့ Hanbin ကြောင့်

" ahh တကယ်ပါပဲ ဘာဖြစ်နေတာလဲ "

Jennie ရိုက်တာကို ဟန်ဘင်းက လိုက်ရှောင်နေရင်း

" ဘာလို့ လာရိုက်နေတာလဲ နာတယ်ဟ
စတိုးဆိုင်သွားနှင့်မယ် လိုက်ခဲ့နော် "

" မလိုက်ဘူး သွားစရာရှိတာသွားစမ်းပါ "

Jisoo သူ့နားကိုလျှောက်သွားလိုက်ရင်း ဘေးနားက ဖြတ်သွားမလို့လုပ်တဲ့ Hanbin ကို

" ya! "

" ဟင် ငါလား "

Hanbin က ခြေလှမ်းတွေရပ်သွားရင်း သူ့ကိုယ်သူထိုးပြရင်းနဲ့ မေးတော့ Jisoo သူနဲ့ မျက်နှာချင်းဆိုင်လိုက်ရင်း

" နင် မဟုတ်မှလွဲရော Jennie ကို သဘောကျနေတာလား "

" ဘာတွေ​ပြောနေတာလဲ ငါက ဘာကို .. "

" သဘောကျနေတယ်ဆိုလည်း တစ်ယောက်တည်း တိတ်တိတ်လေး သဘောကျနေ .. တမင်သိသာအောင်လုပ်ပြီး သူများကို စိတ်အနှောင့်အယှက်မပေးနဲ့ "

Jisoo က မျက်နှာကိုတည်ထားကာ ပြောနေတာကြောင့် Hanbin နည်းနည်းတော့ရှိန်သွားပုံရတယ်

" အင်းပါ သိပါပြီး သူငယ်ချင်း အချင်းချင်း စနောက်တာမလို့ အတည်ကြီးမယူပါနဲ့ မကြိုက်ရင် ငါ .. ငါ နောက်မလုပ်တော့ဘူး "

Between UsOù les histoires vivent. Découvrez maintenant