▪︎VII▪︎

22 7 0
                                    

Jennie အခန်းထဲပြန်ရောက်ရောက်ချင်းပဲ နံရံမှာ ကပ်ထားတဲ့ Jisoo နဲ့ ပုံတွေကို စိတ်ဆိုးဆိုးနဲ့ ဆွဲခွာပစ်နေတယ်

" ရတယ် Unnie မရှိလည်း ငါပျော်အောင် နေပစ်မှာ Unnie လို တစ်ကိုယ်ကောင်းဆန်တဲ့သူကို မလိုအပ်ဘူး "

တစ်ညလုံး ငိုလိုက် ပုံတွေ ပြန်ကြည့်လိုက်နဲ့ မိုးလင်းခါးနီးမှ အိပ်ပျော်သွားတော့တယ်

.
.
.

" ဘာကို အလိုမကျဖြစ်နေတာလဲ ပြောမှသိမှာပေါ့ Ruby Jane ရဲ့ "

ဘာစကားတစ်ခွန်းမှမပြောဘဲ အင်္ကျီတွေ တစ်ထည်ပြီး တစ်ထည်ကောက်ကိုင်နေတဲ့ Jennie က စိတ်ပျော်နေပုံမရတာမလို့ Joy မနေနိုင်ဘဲ မေးမိတော့သည်

အခုရက်ပိုင်း Jennie သူ့နား အရမ်းကပ်နေသလို ခံစားရတယ် shopping သွားမယ်ဆိုလည်း လိုက်တယ် မုန့်ထွက်စားမယ်ဆိုလည်း လိုက်လာတာပဲ ပြီးရင် စိတ်အလိုမကျတဲ့ မျက်နှာနဲ့ နေနေတော့တာ

" နင် အခုတလော ဘာလို့ ငါနဲ့ အရမ်းကပ်နေတာလဲ အရင်က အဲ့လိုမဟုတ်တာကို "

" နင်တို့ ဒီတစ်ခေါက် festival မှာ ဘာလုပ်ကြမှာလဲ "

ကျောင်းပွဲတော်အကြောင်း စကားရောက်သွားတာမလို့ Joy ဦးနှောက်ကို ခဏအလုပ်ပေးရပြန်သည်

" ငါတို့လား ဂိမ်းသေးသေးလေး တစ်ခုခုပေါ့ နိုင်တဲ့သူက အရုပ်ရမယ် အဲ့လိုပုံမျိုးပါပဲ နင်တို့ရော "

ကျောင်းက ခွဲထားပေးတဲ့ အဖွဲ့အတိုင်း တစ်မျိုးစီ စီစဥ်ရတာမလို့ ၂ယောက်က အဖွဲ့မတူ

" မုန့်တစ်ခုခု ရောင်းမယ်ဆိုလား waffle လား အဲ့လိုပုံမျိုးပဲ "

" တော်စမ်းပါ နင်ငါ့ကို စကားလှည့်မနေနဲ့ ဘာဖြစ်နေတာလဲ ပြော "

" ဒါလေး ဘယ်လိုနေလဲ လှလား
huh .. စိတ်တိုင်းကျတာကို မရှိဘူး "

အင်္ကျီတစ်ခုဆွဲထုတ်ပြီး Joyရဲ့ မေးခွန်းကို ပတ်ရှောင်နေတဲ့ Jennie ကြောင့် သူဘာဖြစ်နေလဲ သိပြီးထင်တယ်

" မဟုတ်မှလွဲ Jisoo Unnie က ခုထိ ပြန်လာမချော့သေးတာထင်တယ် နင်တို့ ထပ်ပြီး လမ်းခွဲကြပြန်ပြီးလား "

အဝတ်အစားရွေးနေတဲ့ Jennie လက်တွေ တန့်သွားတာကြောင့်

" မှန်နေတာပဲ အဲ့ဒါကြောင့်ကိုး နင် .. "

" ဘာတွေပြောနေတာလဲ ငါ အဲ့ဒါကို အာရုံတောင်မရဘူး ကြည့်လေ အဆင်ပြေနေတာပဲ လမ်းခွဲလိုက်တယ်ဆိုပြီး ငိုနေရအောင် ခုမှ ရည်းစားထားဖူးတာလည်းမဟုတ်ဘူး ငါက အတွေ့အကြုံရှိတဲ့သူပါ ဒီလောက်ကတော့ ဘာမှမဖြစ်ဘူး "

Joy ကတော့ သူ့ကို ယုံတဲ့ပုံမပေါ်ပါဘူး ရယ်ပြီး ခေါင်းတခါခါနဲ့သာကြည့်နေတယ်

Joy မယုံတာလည်း သူ အပြစ်တင်လို့မရ Jennie ဒီရက်ပိုင်း မငိုရတဲ့ ရက်ကိုမရှိဘူး Joy ကို အဆင်ပြေနေတယ်ပြောတာလည်း လိမ်တာ သူ မရှိဘဲ ကောင်းကောင်းနေပြချင်ဆိုပေမယ့်လည်း အလုပ်မဖြစ်ဘူးထင်တယ်

Between UsTahanan ng mga kuwento. Tumuklas ngayon