▪︎IV▪︎

31 7 0
                                    

" Unnie! "

ပန်းခြံထဲထွက်လာတဲ့ Jisoo နောက်ကလိုက်ရင်း နာမည်ခေါ်လိုက်ပေမယ့် ခြေလှမ်းတွေရပ်မသွားတဲ့ Jisoo ကြောင့်

" Kim Jisoo! မရပ်ဘူးလား အဲ့မှာ "

သက်ပြင်းတစ်ချက်ချကာ
ခြေလှမ်းတွေကို ရပ်ပစ်လိုက်တဲ့ Jisoo
Jennie ကတော့ သူ့အနား
အမြန်လျှောက်သွားလိုက်ရင်း

" Unnie ဘာလို့ ဘောလုံးကိုမရှောင်တာလဲ "

" ဒီအတိုင်း ပြိုင်ပွဲကို မြန်မြန်အဆုံးသတ်ချင်လို့ "

" လာလိမ်မနေနဲ့ ဘယ်သူကြည့်ကြည့် Unnie စိတ်ဆိုးနေတာ အကုန်မြင်နေရတာကို ဘာက ဒီအတိုင်းလဲ "

ပြန်မဖြေလာတဲ့ Jisoo ကြောင့် Jennie သက်ပြင်းခပ်ဖွဖွချလိုက်ကာ

" မနေ့ကရော ဘာလို့မဆက်သွယ်တာလဲ "

" စာလုပ်နေလို့ "

" တကယ်ပါပဲ အဆုံးထိကို .. "

သူ့ကိုမကြည့်ဘဲ မျက်နှာသေနဲ့ ပြောနေတဲ့ Jisoo ကိုကြည့်ပြီး Jennie စိတ်မရှည်ချင်တော့

" Unnie ပဲ စိတ်ရှုပ်နေရတာလား ငါလည်း စိတ်ရှုပ်ရတယ်လို့ ဒါပေမယ့် ဘာလို့ ငါပဲ အမြဲတမ်း.. နေ့တိုင်း ငါကပဲ တွယ်ကပ်ပြီး စကားလိုက်ပြောနေမှ ပြန်ပြောတော့မှာလား ဘာလို့လဲ ငါကပဲ .. "

ကောင်လေး ၂ယောက်ပြေးလာတာမြင်တော့ မတိုက်မိအောင်လို့ Jennie လက်ကို သူ့ဘက် ဆွဲလိုက်တဲ့ Jisoo

Jennie သူ့လက်ကို ဖယ်လိုက်ရင်း ဘာဆက်ပြောရမှန်းမသိဖြစ်နေသည်

" Jennie ya .. "

Jisoo သူ့နာမည်ကို ခပ်ဖွဖွခေါ်လိုက်တော့ ခပ်ဆွေးဆွေးလေး ပြန်ကြည့်လာတဲ့ Jennie

" တစ်ရက်လောက်လေး မဆက်သွယ်လိုက်တာက ဒီလောက်ထိ စိတ်ဆိုးရမယ့်ကိစ္စမဟုတ်ဘူးမလား "

" Unnie တစ်ရက်လောက် မဆက်သွယ်လို့ ပြောနေတဲ့ ကိစ္စမဟုတ်ဘူးလေ ပြီးတော့ ပုံမှန်ဆို သူများအတွဲတွေတော့ အမြဲတမ်း နေ့တိုင်း ဖုန်းပြောကြတယ် အဆက်အသွယ်ရှိတာပဲ Unnie ပဲ မလုပ်တာလေ "

စိတ်ဆိုးနေတဲ့ Jennie ကြောင့် Jisoo ကပဲ စိတ်လျှော့လိုက်ပြီး ခေါင်းငြိမ့်ပြလိုက်ကာ

" အင်း သိပါပြီး တောင်းပန်ပါတယ် "

ပြဿနာထပ်မဖြစ်ချင်တော့လို့ သူတောင်းပန်လိုက်ပေမယ့် Jennie က ထပ်ပြီး

" ငါ Unnie နဲ့ ၂နှစ်ကျော်လောက် တွဲလာတာဆိုပေမယ့်လေ တစ်ခါတလေကျရင် Unnie ဘာအတွေးတွေ တွေးနေလဲဆိုတာ မသိတော့ဘူး အမြဲ ငါ့တစ်ယောက်တည်း ပြဿနာရှာနေပြီး ငါပဲ ရှိုးလုပ်နေတဲ့ ခံစားချက်မျိုး ခဏခဏဝင်လာတယ် "

Jisoo က ပြောစရာစကားမရှိဘဲ သူ့ကို မျက်ရည်ဝေ့နေတဲ့ မျက်ဝန်းတွေနဲ့သာ ကြည့်နေတာမလို့ စိတ်လျှော့လိုက်ကာ

" တော်လိုက်ရအောင် ဒီလိုမျိုး ဆက်တိုက်ဖြစ်နေရင် ငါပဲ ပင်ပန်းတယ် "

Between UsTahanan ng mga kuwento. Tumuklas ngayon