▪︎III▪︎

32 7 0
                                    

သူငယ်ချင်းတွေနဲ့ စာလုပ်ပြီး Wendy က game သွားဆော့ဖို့ ပြောလာတော့ Jisoo လည်းစိတ်ရှုပ်နေတာမလို့ game ပဲဖြစ်ဖြစ်ဆော့ရအောင်ဆိုပြီး လိုက်လာခဲ့လိုက်တာ

ဂိမ်းဆော့နေရင်း နေ့လည်ကအကြောင်းပြန်တွေးမိတော့ အပြစ်မရှိတဲ့ keyboard တွေကိုပဲ အသည်းအသန် မဲနေတော့တယ်

" အဆင်ပြေရဲ့လား Jisoo "

" အင်း နောက်တစ်ပွဲဆော့ကြမလား "

" okay! "

.
.
.

Jennie ကော်ဖီဆိုင်မှာ Joy နဲ့တူတူ presentation ပြင်နေပေမယ့် စိတ်အလိုမကျတာမလို့ ခဏခဏရန်ဖြစ်နေရတယ်

" ဘာတွေလုပ်ထားတာလဲ ကလေးဆန်လိုက်တာ "

" နင့်ဟာထက်တော့ ပိုကောင်းတယ်လေ Ruby Jane ရဲ့ "

" ဘာတွေပြောနေတာလဲ နင့်ဟာကမှ .. "

" နင်ငါ့ကို ပွစိပွစိလိုက်မပြောနေဘဲ နင့်ဟာနင်သာ ကောင်းအောင်လုပ်စမ်းပါ ဘာဖြစ်နေတာလဲ Jisoo Unnie နဲ့ ရန်ဖြစ်ထားပြန်ပြီးလား "

အသံထွက်မလာတော့တဲ့ Jennie ကိုကြည့်ပြီး Joy ခေါင်းတရမ်းရမ်း ~ ပေါင်းလာတဖြင့်ကြာနေပြီး Jennie အကြောင်းကို မသိဘဲမနေပါဘူး Jisoo နဲ့ ရန်ဖြစ်ထားတာနဲ့ ပတ်ဝန်းကျင်မှာ ရှိသမျှလူအကုန်လုံးကို ပတ်ရန်ရှာတော့တာ

" ဘာဖြစ်ကြပြန်တာလဲ ဒီတစ်ခေါက်ရော .. "

စူပုတ်ပုတ် မျက်နှာဘေးနဲ့ ထိုင်နေတဲ့ Jennie ကိုမေးဖို့ပြင်တုန်း သူ့ဖုန်းလေး ဝင်လာတာမလို့ contact name ကိုကြည့်ပြီး Jennie က ပြာပြာသလဲနဲ့ ဖုန်းကောက်ကိုင်တာမလို့

" ဘာဖြစ်ပြန်တာလဲ အဲ့ဒါကရော "

တိုးတိုးလေးရေရွတ်လိုက်ရင်း သူ့ presentation ကိုပဲ အာရုံစိုက်ထားလိုက်တော့တယ်

" ya! Kim Jisoo "

" အင်း "

" ဘာလဲ? ဒါပဲလား "

Jisoo က သူ့ကို စကားသေချာမပြောတာမလို့ Jennie နည်းနည်းတော့ မကျေမနပ်ဖြစ်သွားတယ်

" ဖုန်းဆက်ထားတာလား "

Jennie သက်ပြင်းချလိုက်ရင်း အသံပြန်နှိမ့်ကာ

" ဘယ်မှာလဲ "

" PC room မှာ အခု Wendy နဲ့ တူတူရှိနေတယ် "

" Wendy Unnie? မဟုတ်သေးပါဘူး pc room သွားမယ်ဆိုလည်း သွားမယ်ပြောလေ .. အမြဲတမ်း တစ်ခါမှ ငါ့ကို အသိပေးတယ်ဆိုတာမျိုးမရှိဘူး! အမြဲတမ်း ငါကပဲ သိချင်နေပြီး ငါကပဲ လိုက်မေးနေရတာ တော်ပြီး ဖုန်းချလိုက်တော့! "

" အင်း "

ချက်ချင်းကျသွားတဲ့ ဖုန်းကိုကြည့်ပြီး မခံမရပ်နိုင်ဖြစ်ကျန်ခဲ့သူက Jennie ပင်

" ဘာလဲဟ ဖုန်းချဆိုတာနဲ့ တကယ်ချသွားတာပဲ သေချင်နေတာလား Kim Jisoo! "

မကျေမနပ်နဲ့ ဖုန်းကိုထပ်ခေါ်လိုက်ရင်း

" ya! Kim Jisoo ဖုန်းချလိုက်တော့ဆိုတာနဲ့ ချသွားရောလား "

Between UsМесто, где живут истории. Откройте их для себя