ညည့်နက်၏အမဲလိုက်သူ။
နတ်ဆိုးရွေးချယ်ခြင်းခံရသည့်သတို့သမီးဟာသိပ်ကိုသနားစရာကောင်းသည်။
အမှောင်ထုထဲမှာငိုကြွေးရပြီးအမှောင်ထုထဲမှာအိပ်စက်ရသလိုအမှောင်ထုထဲမှာပဲ ခြယ်လှယ်ခြင်းကိုခံရသည်။ဒါဟာ နတ်ဆိုးတစ်ကောင်ကြောင့်။
Fourth Nattawatရဲ့ဘ၀တစ်ခုလုံးအမှောင်ကျသွားခဲ့သည့်အချိန်ဟာ သူ့လည်ပင်းပေါ်သံကြိုးတွေရောက်လာခဲ့ပြီး 'စာချုပ်'ဟုခေါ်သည့် စက္ကူဖြူတစ်ရွက်ပေါ်လက်မှတ်ထိုးမိရာကနေစ၏။
Fourth Nattawatဟာပုံမှန်ကောလိပ်ကျောင်းသားတစ်ယောက်။အဖေဟာငယ်ငယ်ကတည်းကဆုံးသွားပြီးအမေဖြစ်သူနှင့်အတူ ကဖေးဆိုင်လေးဖွင့်ကာ စာကြိုးစားသည့်ကျောင်းသားတစ်ယောက်ပေါ့။
တခမ်းတနားရယ်မရှိဘူး။ကြီးကြီးမားမားရယ်လည်းမရှိဘူး။ဒါပေမယ့်မိုးမျှော်တိုက်ကြီးတွေ၊တက္ကသိုလ်အကြီးကြီးတွေမရှိသည့် နယ်မြို့လေးမှာသူအနေပျော်သည်။
သူတို့မြို့ငယ်လေးဟာအေးချမ်းသည်။အိမ်နီးချင်းတွေကဖော်ရွေပြီး သူ့မှာလည်းသူငယ်ချင်းတွေအများကြီးရှိခဲ့သည်။
မချမ်းသာလည်းလူရာ၀င်ပြီး၀င်ငွေအသင့်အသင့်ရှိသည့်မေမေ့ကဖေးလေးကိုကူရင်း ကျောင်းစာတွေကိုတစ်စိုက်မတ်မတ်သင်ယူရင်း တစ်နေ့ ဘွဲ့ကောင်းကောင်းတစ်ခုရပြီး လစာများမည့်အလုပ်တစ်ခုလုပ်ရင်း မေမေ့ကိုပြန်ရှာကျွေးမည်ဟူသည့်စိတ်ကလေးသာသူ့မှာရှိခဲ့သည်။
စင်စစ်သူ့ဘ၀ဟာအေးချမ်းပြီးမကြီးမားသည့်ရည်မှန်းချက်ကလေးနှင့်တောက်ပနေခဲ့သည်။
အရာရာစမှားခဲ့တာဟာ စကောလာရှစ်ဖြင့်ဘန်ကောက်ရဲ့ ထိပ်တန်းတက္ကသိုလ်ကို၀င်ခဲ့ရခဲ့သည့်အချိန်ကစသည်။fourthကအဲ့အခွင့်အရေးကို သဘောမကျခဲ့ပါဘူး။ပြီးတော့သူကဆေးလိုင်းကိုစိတ်မ၀င်စားဘူးလေ။
မေမေဟာ သူ့ကိုဆရာ၀န်ဖြစ်စေချင်သည်။fourthကမေမေ့ ဆန္ဒကလေးကိုဖြည့်ပေးချင်သည်။အဆုံးမှာ မေမေ့ကိုသူခင်ရတဲ့ ပတ်၀န်းကျင်ကလူရင်းတွေစီအပ်ခဲ့ပြီး ဘန်ကောက်ကိုထွက်လာခဲ့သည်။
YOU ARE READING
𝒫𝒽𝒾𝓁𝑜𝓅𝒽𝑜𝒷𝒾𝒶 (Geminifourth ff✅)
FanfictionDarling can I be your favorite.. Fanfiction Main character-Geminifourth Total chapter-9 Hope you guys enjoy this 💓