Baby I'm preying on you tonight

996 92 33
                                    

The hunt and the prey.

'ဗိုက်ကိုမပစ်ခဲ့တာ မင်းကံကောင်းသွားတယ်gemini ပြီးတော့ ကလေးကိုတအားမချုပ်စမ်းပါနဲ့ ထွက်ပြေးသွားလိမ့်မယ်'

'ဆေးထည့်ပေးဖို့ပဲမင်းကိုငါခေါ်ထားတာmark ကျန်တာငါနဲ့ပဲဆိုင်တယ်'

'မင်းနောင်တရလိမ့်မယ်နော် gemini ငါအကောင်းပြောနေတာ'

'... ပြန်တော့ အိမ်တော်ထိန်းလီလိုက်ပို့လိမ့်မယ်'

နားထဲတစ်စတစ်ကြားနေရသည့်စကားသံတွေနှင့်အတူဝေဝါးနေသည့်အမြင်တွေကြားက အဖြူရောင်မျက်နှာကျတ်။

"ရေ..ရေ"

အာခေါင်တွေတအားခြောက်နေသည်။စကားပြောရင်တောင် နာတာကြောင့်ရေကိုသာငါတောင်းမိတော့သည်။ခြေရင်းမှာ ရပ်နေသည့်geminiက ရေကရားထဲကနေတစ်ခွက်ငဲ့ထည့်ရင်း ငါ့အနားသို့‌ဝင်ထိုင်၏။

ကျောကိုထိန်းပေးရင်း ရေကို‌ဖြည်းဖြည်းချင်းတိုက်ပြီးသည့် နောက်မှာ သက်သောင့်သက်သာထိုင်ရအောင် ခေါင်းရင်းတွင် ခေါင်းအုံးအားထောင်ပေးသည်။

စိတ်ရှုပ်လာကာ geminiအားငါမျက်မှောင်ကြုပ်ကာကြည့်တော့သူဟာပြုံးပြလာပြီး နားသယ်စနားကဆံပင်တွေကိုသပ်တင်ပေး၏။

"ခဗျား.."

"ရှုးး ဒါလင်လို့ခေါ်ဖို့သင်ပေးထားတယ်မလား"

နှုတ်ခမ်းပေါ်သို့သူ့လက်ညိုးကိုတင်လာကာ ခပ်ရှရှအသံဖြင့်ဆိုလာတာကြောင့် အောက်နှုတ်ခမ်းကိုဖိကိုက်မိတော့ ထိုလူဟာ'နာမယ်လေ'ဆိုပြီးတားလာသည်။

နာတာတဲ့။ဟက်ခနဲငါရီမိတော့တာပဲ။

"ကျွန်တော့်အမေကို ကျွန်တော့်ရှေ့တင်သတ်ပစ်တာထက် ပိုနာတာဘာရှိသေးလဲ"

စောင်အား လုံးချေကာ ငါဒေါသတွေထွက်လာ၍ တုန်ရီစွာပြောတော့ ထိုလူဟာရီသည်။ကျယ်ကျယ်လောင်လောင်ကိုရီနေတာ။အဲ့နောက်ငါ့ဆံပင်တွေအားဆွဲဆောင့်လာတာမလို့ ငါအံကြိတ်မိသွားသည်။

"စာချုပ်ကိုအရင်ဖောက်တာက ဘယ်သူမလို့လဲ?"

"ဘာ!?"

နောက်စေ့နားကဆံပင်စတို့အား အားဖြင့်ဆုပ်ကိုင်လာတာကြောင့်ငါမျက်ရည်စတွေပင်ဝဲတက်လာသည်။အနီးကပ်မြင်နေရသည့် ညိုဆွေးဆွေးမျက်လုံးတွေဟာ စင်စစ်ခြောက်သွေ့ပြီး ကြောက်စရာကောင်းနေခြင်း။

𝒫𝒽𝒾𝓁𝑜𝓅𝒽𝑜𝒷𝒾𝒶 (Geminifourth ff✅)Where stories live. Discover now