2003.Dec/25.10:00 p.m။
ကာလုဂါပြည်နယ်။
ရုရှားနိုင်ငံ မော်စကိုမြို့။
Titicharoenrak ပင်မစံအိမ်ဖြူ။ဟော်ဟဲလိုက်ကာ ထွက်ပေါ်လာသည့်အသက်ရှုသံပြင်းပြင်းတို့နှင့်အတူ အဖြူရောင်နှင်းတို့ပေါ်ဒရွတ်တိုက်ကျနေသည့် သွေးစက်တွေ..။
လေစိမ်းတို့တစ်ချက်ဖြတ်တိုင်းလက်ကဒဏ်ရာဟာ နာသည်။သွေးထွက်မလွန်အောင် ဒဏ်ရာပြင်းပြင်းထန်ထန်မရထားသည့်ဘယ်လက်ဖြင့် ဖိကိုင်ထားရသည်။
14နှစ်ကလေးတစ်ယောက်ဟာ ဆန်တာကလော့ပုံပြင်တွေနားထောင်ပြီး မီးလင်းဖိုဘေးမှာ ထင်းရှုးပင်အားအလှဆင်နေရမည့်အချိန် ဒဏ်ရာတွေဖြင့်အသက်မသေရုံတမယ်ပြေးလွှားနေရသည်။
သူ့မှာဆန်တာကိုစောင့်ချိန်မရှိဘူး။christmas carolသီချင်းလိုက်ဆိုဖို့အချိန်မရှိဘူး။ချောကလက်ပူတစ်ခွက်သောက်ဖို့ အချိန်လည်းမရှိသလို ခရစ္စမတ်ကို ပျော်၀င်နေဖို့အတွက်လည်းအချိန်မရှိဘူး။
သူရုန်းရသည်။မရုန်းလျှင်သေလိမ့်မည်။သူတို့လောကမှာစည်းမျဉ်းနှစ်ခုသာရှိ၏။
'သတ်ပြီးမှ ရှင်ရမယ် ဒါမှမဟုတ် ရှင်ဖို့အတွက်သတ်ရမယ်'
ဗျည်းအက္ခရာတွေအသံထွက်နိုင်တဲ့အရွယ်ကတည်းကဦးနှောက်ထဲရိုက်သွင်းခံခဲ့ရသည့် စကားစု။geminiရှင်သန်ခဲ့ရတဲ့အသိုင်းအဝိုင်းဟာ ကြမ်းတမ်းသည်။
နံရံတိုင်းမှာနားတွေရှိပြီး ထောင့်တိုင်းမှာရန်သူတွေရှိသည်။ကိုယ့်ဘက်ကသတိလက်လွှတ်ဖြစ်သွားတာနဲ့ အသက်ပါ ပါနိုင်သည့်အနေထားဖြစ်၏။
Titicharoenrakမှာပင်မအိမ်တော်သုံးခုရှိသည်။ ဝါရှင်တန်စတိတ်၊ဆီအက်တယ်မြို့မှာရှိတဲ့ အဖေပိုင်တဲ့စံအိမ်ရယ်၊ထိုင်းနိုင်ငံ ဘန်ကောက်မှာရှိတဲ့အမေပိုင်တဲ့စံအိမ်ရယ် ရုရှားမှာရှိတဲ့ အဘွားပိုင်တဲ့စံအိမ်ဟူ၍ဖြစ်သည်။
မျိုးရိုးစဉ်ဆက်မာဖီးယားကဆင်းသက်လာသည့် လူတွေမလို့ အာဏာပြိုင်ဆိုင်မှုတွေ၊အမွေလုမှုတွေနှင့်အမျိုးအချင်းချင်းလုပ်ကြံမှုတို့ဟူသည်မှာ သာမာန်တောင်ဖြစ်နေပါပြီ။
YOU ARE READING
𝒫𝒽𝒾𝓁𝑜𝓅𝒽𝑜𝒷𝒾𝒶 (Geminifourth ff✅)
FanfictionDarling can I be your favorite.. Fanfiction Main character-Geminifourth Total chapter-9 Hope you guys enjoy this 💓