The jungle

910 96 23
                                    

နတ်ဆိုးအားမွေးထုတ်ပေးခြင်း။

"သခင်မကြီးလာပါတယ် သခင်လေး"

ကုတင်ပေါ်လှဲကာMACBOOKကနေတစ်ဆင့်လိုင်းသုံးနေတုန်းကြားလိုက်ရတဲ့အသံကြောင့် ငါမျက်ခုံးတစ်ဖက်ပင့်မိသည်။

"ထူးထူးဆန်းဆန်း.."

ကိုယ့်ဟာကိုရေရွတ်ရင်း လက်ထဲကmacbookကိုဘေးချကာ အခန်းတံခါးသို့အကြည့်ပို့လိုက်တော့ အနီရောင်တွေကိုစူးနေအောင်၀တ်ထားသည့်အမျိုးသမီးကအထဲ၀င်လာသည်။

ငါ့အခန်းသို့၀င်လာပုံထောက်လျှင်geminiစီသို့လာတာမဖြစ်နိုင်တော့ပေ။ကုတင်ခေါင်းရင်းကိုကျောမှီထားကာ ‌စောင်အား ခါးလောက်ထိခြုံထားပြီး လက်ပိုက်ရင်းသာကြည့်နေတော့ သူမကခုံတစ်ခုံဆွဲပြီးနံဘေးတွင်ခြေချိတ်ကာ၀င်ထိုင်လေသည်။

"ဘာကိစ္စရှိလို့ပါလဲ ယောက္ခမကြီး"

"အို တို့သားလုပ်ရပ်ကြောင့်ဖျားသွားတယ်သတင်းကြားလို့လေ သားမက်ကလေးကိုလာကြည့်လို့တောင်မရဘူးလား"

နီရဲရဲဆိုးထားသည့်နှုတ်ခမ်းသားအထက်ကအပြုံးဟာ မနှစ်မြို့စရာပင်။ပုံမှန်geminiနဲ့သာတွေ့တတ်သည်မလို့ အဲ့လူခရီးသွားမှရောက်လာသည့် အမျိုးသမီးဟာငါ့ကိုဘာတွေများပြောချင်နေတာလဲ။

ယောက္ခမဆိုသူနှင့်ငါနှစ်ကြိမ်သာတွေ့ဖူးသည်။ပထမတစ်ခေါက်ဟာမယူခင်geminiမိတ်ဆက်ပေးတုန်းကဖြစ်ပြီး ဒုတိယတစ်ခေါက်ကတော့ ငါ့ကိုလက်ထက်ဖို့အတင်းအကြပ်ခိုင်းစေခဲ့တာဖြစ်သည်။

ထိုကတည်းကဒီမိန်းမကိုငါကြည့်မရပါ။သူတို့မိသားစုထဲမှာ ဖြစ်တဲ့အပြင်ယောက္ခမပါတော်ထားရသည်ဖြစ်တာကြောင့် လည်းသည်းခံနေရခြင်းဖြစ်၏။

"ဒါလင်မရှိပါဘူး မော်စကို ကိုခရီးထွက်သွားတယ်"

သိနှင့်ပြီးသားပါဆိုသည့်အကြည့်မျိုးပေးလာသည့်အခါငါသက်ပြင်းတစ်ချက်ချလိုက်သည်။

"ဒါဆိုလည်းပြန်ပါတော့လည်း ကျွန်တော်ခုထိနေမကောင်းသေးတာမလို့ အိပ်ဦးမယ်"

"ဇွတ်ပါပဲလား ခမည်းခမက်နဲ့တောင်တို့ဖုန်းရသေးတာကို"

စောင်ကိုဆွဲကာ ကုတင်ပေါ်သို့လှဲချမည်အပြု ကြားလိုက်ရသည့်စကားသံကြောင့် ငါပြန်ထမိသည်။အဲ့နောက်မျက်ခုံးတို့တွန့်ကာ အေးအေးလူလူထိုင်လျက်လက်ပိုက်ကြည့်နေသည့်အမျိုးသမီးကိုအကြည့်စူးတို့ပေးလိုက်၏။

𝒫𝒽𝒾𝓁𝑜𝓅𝒽𝑜𝒷𝒾𝒶 (Geminifourth ff✅)Where stories live. Discover now