တရုတ်စံကားပန်းတို့ပွင့်ချိန်တန်သည်။
လေပြင်းတစ်ချက်ဝှေ့တိုင်းမိုးစတို့ပါလာတာကြောင့် အပြင်ကဟိုသားအဖဘာလုပ်နေလဲဆိုတာ ငါတံခါးကနေမသိမသာ ချောင်းကြည့်လိုက်သည်။
အနည်းငယ်ဟထားသည့် တံခါးနားကချောင်းကြည့်တော့ လှုပ်စိလှုပ်စိဖြင့်အရိပ်နှစ်ခုကိုတွေ့၏။ပိုပြီးသေချာအောင် တံခါးအားနည်းနည်းလေးပိုဟကြည့်တော့ တွေ့ပါတယ်။
ငါချခဲ့မိတဲ့အ၀တ်ခြင်းထဲကအ၀တ်တွေကိုရေပြန်ညှစ်ပြီး လှန်းနေကြတာ။
ဘုရားရေ..။အဲ့လှုပ်စိလှုပ်စိနဲ့အ၀တ်တွေကမ်းပေးနေတဲ့သေးသေးလေးကငါ့သမီးတဲ့။ထမင်းကျွေးရင်တောင်ပျင်းလွန်းလို့ ခွံ့မှစားတဲ့ဟာလေးကလေ။
အခုများ ကြည့်စမ်း။မျက်လုံးဝိုင်းဝိုင်းလေးနဲ့ဟိုကောင်လှမ်းတောင်းတဲ့အင်္ကျီတွေကိုကမ်းပေးနေလိုက်ပုံများ။မွေးရကျိုးနပ်လိုက်လေခြင်း။
တံခါးအားပြန်ပိတ်ရင်း ငါလေပူတစ်ချက်မှုတ်ထုတ်ကာ ဒူးပိုက်ကာထိုင်မိတော့သည်။
အဲ့လူက ထပ်ပြီးရောက်လာပြန်ပြီ။သူ့ပုံစံကနည်းနည်းလေးကွဲပြားနေပေမယ့်..ငါမယုံရဲပြန်ဘူး။သူဘယ်လောက်ဆိုးလဲငါပဲသိတာမလို့။
"တစ်ကယ်ပဲ..ထပ်ပြီးဘာတွေလိုချင်ပြန်လို့လဲ"
ဒူးခေါင်းပေါ်သို့မျက်နှာအပ်လိုက်ရင်း ငါငိုင်နေမိတော့သည်။၃နှစ်ဆိုတဲ့အတိုင်းတာကဝေးဖို့လုံလောက်ပြီမဟုတ်ဘူးလား။ငါ့ဘ၀လေးနဲ့ငါ။နေစရာရော၊စားစရာရော၊သမီးလေးနဲ့ပါ အသားကျနေပြီကို သူဟာ ဘာတွေများ၀င်ရှုပ်ချင်နေသေးတာလဲ။
"မဟုတ်မှ..အိမ်တော့မီးမရှို့လောက်ပါဘူးနော်"
အရိုးထဲထိဆွဲနေအောင်ရိုက်ထည့်ပေးလိုက်သည့် ထရန်မာတွေကြောင့်ငါ့ဦးနှောက်ကသူ့ကိုပြန်တွေ့တိုင်းပေါက်ကရတွေအရင်စတွေးတော့တာပဲ။
သက်ပြင်းတစ်ချက်ထပ်ချရင်း နံရံပေါ်ကနာရီကိုလှမ်းကြည့်လိုက်တော့၁၂နာရီတိတိ။
ဒီအချိန်ဆိုသမီးလေးထမင်းစားနေကြ။ငိုင်နေရာမှထကာ မီးဖိုချောင်ထဲသို့၀င်ရင်း ငါထမင်းပြင်ရသည်။
YOU ARE READING
𝒫𝒽𝒾𝓁𝑜𝓅𝒽𝑜𝒷𝒾𝒶 (Geminifourth ff✅)
FanfictionDarling can I be your favorite.. Fanfiction Main character-Geminifourth Total chapter-9 Hope you guys enjoy this 💓