The monster's gone..

974 96 94
                                    

He's on the run.

"အချစ်..ကိုယ့်အချစ်"

ဝေဝါးနေသည့်အမြင်တွေကနေအားယူကာမျက်လုံးဖွင့်ကြည့်တော့အချစ်ဟာ ပဝါဖြူကလေးဖြင့်ငါ့ကိုရေပတ်သုတ်ပေးနေလေသည်။

လှလှပပလေးကြည့်နေသည့်မျက်၀န်းတွေကြောင့်ငါတင်းမခံနိုင်စွာလက်ကောက်၀တ်သေးသေးဖြူဖြူလေးကိုဆွဲယူလိုက်ရင်းကိုယ်လုံးလေးအားရင်ခွင်ထဲထည့်ကာ တင်းနေအောင်ဖတ်ထားလိုက်၏။

သူ့ဘက်ကပြန်မဖက်သွယ်လာခဲ့တောင်ထားမသွားဘူးဆိုတဲ့အသိကလေးနဲ့ အပြစ်ရှိစိတ်တို့ဝေးကာအချစ်ကို ဖတ်ထားနိုင်သည်ထိငါသတ္တိတွေရှိလာပါသည်။

"အချစ်..အချစ်ကတော့ကိုယ့်ကိုထားသွားလို့မရတာသိတယ်မလား.."

ရင်ခွင်ထဲထည့်ထားသည့်အနေထားကနေပြောင်းရင်းအချစ်ရဲ့ကိုယ်ကလေးကိုပေါင်ပေါ်တင်ထားလျက် ခါးတို့ကိုတင်းနေအောင်ဖတ်ထားကာ အချစ်ရဲ့ရင်ဘတ်သေးသေးလေးထဲငါမျက်နှာအပ်ထားမိ‌သည်။

အချစ်ရဲ့လက်ချောင်းလေးတွေငါ့ဆံပင်ကိုထိုးဖွပေးသည်ဟု ခံစားမိတဲ့အခါ ငါဖြည်းဖြည်းချင်းပြုံးလာနိုင်သည်။

နေ့နေ့ညညခြောက်လှန့်နေသည့်အိမ်မက်ဆိုးတွေထဲကနေ..အမှောင်ထုတွေထဲကနေ ငါ့ကိုဆွဲထုတ်ပေးနိုင်တာဟာသူတစ်ယောက်ပဲရှိသည်။

သူပဲရှိတော့တာ..။

"ကိုယ့်ကို ပြန်ဖြေပါဦး..ထားမသွားပါဘူးလို့ကိုယ့်ကိုဖြေပေးပါဦး အချစ်ကလေးရယ်..ဟင့် ကိုယ်..ကိုယ်လိမ္မာပါ့မယ်ကွာ"

အချစ်ဟာဘာဆိုဘာမှငါ့ကိုပြန်မဖြေခဲ့ပါ။အဲ့အစားကျောပြင်ကိုပွေ့ဖက်ပေးရင်း ဆံပင်တွေကိုသာဖွပေးနေခဲ့သည်။အထိတွေ့တိုင်းကနူးညံ့လွန်းလို့ ငါ့မျက်လုံးတွေပင်မှေးလာသည်။

"နိုက်တင်ဂေးငှက်တို့ ဘာကြောင့်တေးသီနေသလဲ.."

အချစ်ရဲ့အသံဟာတိုးညှင်းပြီးသိမ်သိမ်မွေ့မွေ့ရယ်။အစောကတိုက်ထားတဲ့နွားနို့ကြောင့်လား..ဒါမှမဟုတ် အချစ်ရဲ့ပွေ့ဖက်မှုကြောင့်လား..?။

တစ်ဖြည်းဖြည်းချင်းမှေးကျလာသည့်မျက်၀န်းတွေနှင့်အတူ ငါ့ကိုယ်ဟာချိနဲ့လာ၏။အချစ်ဟာအားနည်းလာသည့်ငါ့ကိုယ်ကို ကုတင်ပေါ်ဖြည်းဖြည်းချင်းချပေးသည်။

𝒫𝒽𝒾𝓁𝑜𝓅𝒽𝑜𝒷𝒾𝒶 (Geminifourth ff✅)Where stories live. Discover now