Victim of Titicharoenrak's

914 100 60
                                    

နတ်ဆိုးအား ချော့မြူခြင်း။

"ထွက်မပြေးနဲ့ ထွက်မပြေးနဲ့လို့ကိုယ်ခဏခဏမှာရဲ့သားနဲ့ကိုမင်းကွာ"

ဒေါသသံစွတ်နေသည့်ခပ်အေးအေးလေသံဟာအခန်းတွင်းစိမ့်ထွက်နေလျက်။မျက်စိရှေ့ကခေါက်တုန့်ခေါက်ပြန်လျှောက်ကာ နားထင်ကြောတွေကိုဖိနှိပ်နေသည့်လူအား ငါနှုတ်ခမ်းကိုက်ကာ ကြည့်မိသည်။

လက်နှစ်ဖက်လုံးထိုင်ခုံမှာနောက်ပြန်ကြိုးတုတ်ခံထားရသည်ဖြစ်ရာ အလုံပိတ်ထားသည့်အခန်းထဲကနေ လွှတ်နိုင်မည့်လမ်းကိုသာ ငါအသည်းအသန်ရှာနေမိ၏။

"အချစ်..မင်းဒီကောင့်ကိုဘာထင်လို့ အဲ့လောက်‌ဆိုးပြနေတာလဲ"

ထိုင်ခုံလက်ရန်းနှစ်ဖက်ကို လက်ဖြင့်ထောက်ကာ အုပ်မိုးလာသည့်သူ့မျက်၀န်းတွေထဲကနေတစ်ဆင့် သတ်ဖြတ်လိုစိတ်တွေကို ငါအတိုင်းသားမြင်နေရသည်။

ကျစ်တစ်ချက်သပ်လိုက်တော့geminiဟာခနဲသလိုရီ၏။အဲ့နောက်ဆံပင်တွေကိုဆောင့်ဆွဲလာတာကြောင့် ငါအံကြိတ်လိုက်သည်။စူးစူးဝါးဝါးကြီးကိုစိုက်ကြည့်နေသည့်geminiကို ပေစောင်းစောင်းပြန်ကြည့်ပေးတော့ သူကပါးစောင်းထဲသို့လျှာထိုးကာ ဒေါသအလွန်ထွက်လာပြီဖြစ်သည်။

"ဟက် ကြည့်ရတာမဆုံးမပေးတော့လူပါး၀တတ်လာပုံပဲ ကောင်းပြီလေ တစ်ကယ်ဆိုးတယ်ဆိုတာဘာလဲ ကိုယ်ကပြပေးရမှာပေါ့"

ဆောင့်ဆွဲခံထားရသည့်ဆံပင်တွေကိုလွှတ်လိုက်ကာ အခန်းထဲကနေgeminiထွက်သွားမှ ငါအသက်ပြင်းပြင်းရှုနိုင်တော့၏။

"Sh*t! စောက်ပြဿနာပဲ"

‌ဆိုက်ကိုကောင်ဟာဘာဆက်လုပ်မလဲမသိနိုင်တာကြောင့် လက်နှစ်ဖက်ကိုချည်ထားသည့်ကြိုးတွေကိုဖြည်ဖို့ငါ
စကြိုးစားတော့သည်။

အရင်က ရန်ဖြစ်တိုင်း ခဏခဏအချုပ်ခံရတာကြောင့်ကြိုးဖြည်နည်းတွေကိုလေ့လာထားသည်ဖြစ်၍ သိပ်တော့
ခက်ခက်ခဲခဲမကြိုးစားလိုက်ရပေ။

လက်ကောက်၀တ်ဟာရဲရောင်နေသည်ဖြစ်သော်လည်းအဲ့ဘက်ကိုအာရုံမစိုက်နိုင်ပေ။အစောကgeminiထွက်သွားသည့်တံခါးနားသို့သွားကာ လော့ချမချအရင်စစ်ဆေးလိုက်သည်။

𝒫𝒽𝒾𝓁𝑜𝓅𝒽𝑜𝒷𝒾𝒶 (Geminifourth ff✅)Where stories live. Discover now