Red string theory

1K 91 38
                                    

ကြိုးနီသီအိုရီ။

တရုတ်ဒဏ္ဍာရီတွေရှိတယ်လေ။မမြင်ရသည့်ကြိုးနီတွေဟာ ကိုယ့်ရဲ့ဖူးစာဖက်နဲ့ချည်နှောင်ခံထားရတာလို့။

အဲ့လူဟာ အရင်ဘ၀ကရောဒီဘ၀ပါ ကိုယ့်အတွက်ဖြစ်နေသလိုမျိုးပေါ့။

ငါ့အတွက်တော့မဟုတ်ခဲ့ချေ။ဘာလို့ဆို ငါကအတိုင်းသားမြင်နေရသည့် ကြိုးနီတွေနှင့်ချုပ်နှောင်ခံထားရတာမလို့လေ။

အခန်းငယ်ဟာအတော်မှောင်မိုက်သည်။အလင်းလည်းမရှိဘူး။ပြတင်းပေါက်တွေကိုကာရံထားသည့်ပိတ်ကားတွေကတော့အနီရောင်ဖြစ်သည်။

ငါဟာလည်းအနီရောင်ဖြစ်ခဲ့သည်။

နှုတ်ခမ်းနီရဲရဲတွေကိုဆိုးထားရပြီး..မိတ်ကပ်ထူတွေလိမ်းထားရပြီး..အနီရောင်ဇာဂါ၀န်..အနီရောင်ဇာပဝါ..ခြေရောလက်ပါ အနီရောင်ဖဲကြိုးတွေနှင့်ကုတင်တွင်တွဲချည်ခံထားရပြီး မျက်လုံးတွေကိုအမှောင်ထုဖြင့်ဖုံးအုပ်ခံထားခံခဲ့ရသည်။

မင်္ဂလာဦးညတဲ့။ကျက်သရေမရှိလိုက်သည့်နေ့ရက်။

မင်္ဂလာသေရည်ကိုအဆိပ်လို့မှတ်ပြီးသောက်ခဲ့ရသလို အနိုင်ရသွားသည့်နတ်ဆိုးကတော့ အသက်မပြည့်သေးခဲ့သည့်ဒီကိုယ်ကို အပျက်ကောင်တစ်ကောင်လိုခြယ်လှယ်သွားခဲ့သည်။

တော်ပါပြီ။

ကျွန်တော်တော့ကြောက်သွားပါပြီ။ကြိုးနီတွေကိုရောဖူးစာဖက်ကိုရော။

____________

"အဲ့တာဘယ်လဲ"

ဧည့်ခန်းဆိုဖာပေါ်ထိုင်ကာ အလုပ် လုပ်နေခဲ့သည့်သူ့စီကအသံ။

"ကောလိပ်..နေ့နေ့ညညဒီအိမ်ထဲမှာပဲနေပြီး အနာဂတ်တော့ပျောက်သွားဖို့မဖြစ်ဘူးလေ"

တံခါးလက်ကိုင်ကိုလှည့်ဖွင့်ပြီးထွက်သွားဖို့လုပ်သည့်အခါ သူ့စီကရီသံသဲ့သဲ့ကြားရသည်။နောက်ဘက်သို့လှည့်ကြည့်တော့သူဟာ ပေါင်ပေါ်ကကွန်ပြူတာကိုဘေးချကာ ငါ့ကို စိုက်ကြည့်နေခဲ့သည်။

"ပြေးချင်ရင်ပြေးပါ ဒါပေမယ့်ကိုယ်မိသွားရင်တော့ မလွယ်ဘူး အချစ်ကလေး"

𝒫𝒽𝒾𝓁𝑜𝓅𝒽𝑜𝒷𝒾𝒶 (Geminifourth ff✅)Where stories live. Discover now