Don't play with fire။
"မိုးက..ထူးဆန်းတယ်"
ပြတင်းပေါက်ကနေတစ်ဆင့် ပြင်းပြင်းထန်ထန်ရွာကျနေသည့်ဆောင်းလယ်ခေါင်က မိုးတွေကိုငေးရင်း ငါ့နှုတ်ခမ်းတို့ဟာဖြူစုတ်စုတ်။
စိတ်မချမ်းသာရတာဘယ်နှစ်ရက်တောင်ရှိခဲ့ပါ့။
ထိန်းချုပ်မှုတွေကြားနေရတာလောက် စိတ်ပင်ပန်းတာမျိုးမရှိတော့ပေမယ့် ငါကိုယ်တိုင်က ကိုယ့်ခြေထောက်နဲ့ကိုယ်ပြန်လာခဲ့တာမလို့ ဒါဟာ အမေ့ကိုမကယ်နိုင်ခဲ့လို့ကျတဲ့ငရဲလို့ပဲငါမှတ်လိုက်သည်။
မှန်စားပွဲဝိုင်းလေးပေါ်တင်ထားသည့် အဖြူရောင်ကြွေခွက်ထဲက ဘလက်ကော်ဖီတို့အားကောက်ယူလိုက်ရင်း တစ်ငုံသောက်ကာ ငါပြတင်းပေါက်ဘက်သို့ခေါင်းမူလိုက်၏။
'ဒေါက် ဒေါက် ဒေါက်'
"ကိုယ်၀င်ခဲ့မယ်နော် အချစ်ကလေး~"
အသံလားရာဘက်သို့ငါကြည့်လိုက်သည့်အခါ အလုပ်သွားရန် ပြင်ဆင်ထားပုံပေါက်သည့်geminiဟာ အနက်ရောင်ခြုံထည်ကိုခြုံထားလျက်ရှိပြီး suitအပြည့်၀တ်ထားကာ နှင်းဆီပန်းတစ်စည်းကို လက်မှာကိုင်ထားသည်။
အဲ့နောက် ငါ့အနားသို့ဖြည်းဖြည်းချင်းလျှောက်လာပြီး နှင်းဆီတို့ကိုစားပွဲပေါ်တင်ကာ ငါ့လက်တစ်ဖက်အားဆုပ်ကိုင်လာလျက် ဒူးတစ်ဖက်ထောက်ထိုင်ကာ ငါ့အားပြုံးလျက်ကြည့်လေသည်။
"လန်းမနေပါလား အချစ်ကလေး..?"
"ဒီလိုပါပဲ"
Geminiအားမျက်နှာလွှဲကာ ပြတင်းပေါက်ဘက်လှည့်တော့ ထိုလူဟာစိတ်အနှောင့်ယှက်ဖြစ်သွားသလိုမျိုး ဒူးထောက်ရာမှာထလာကာ ငါထိုင်နေသည့်ထိုင်ခုံရဲ့လက်ရမ်းနှစ်ခုလုံးပေါ်လက်ထောက်ကာ အုပ်မိုးလာသည်။
"ကိုယ့်ကိုကြည့်"
မေးဖျားအားဆွဲယူခံလိုက်ရပြီး ချဉ်းကပ်ခြင်းခံလိုက်ရတဲ့ မျက်နှာတစ်စုံ။မုန်းစရာကောင်းလောက်အောင်ပြီးပြည့်စုံနေသည့်မျက်နှာဟာ ငါ့နှုတ်ခမ်းတို့နှင့်ပင်ထိကပ်လုလု။
ရင်ခုန်စရာလား..?။မလိမ်တန်း၀န်ခံရလျှင်စိတ်ကုန်သွားလို့လားပဲမသိ။ထိုလူအပေါ်ခံစားချက်နည်းနည်းလေးတောင်ငါ့မှာမရှိတော့ပေ။
YOU ARE READING
𝒫𝒽𝒾𝓁𝑜𝓅𝒽𝑜𝒷𝒾𝒶 (Geminifourth ff✅)
FanficDarling can I be your favorite.. Fanfiction Main character-Geminifourth Total chapter-9 Hope you guys enjoy this 💓