Chapter 9
February 29, 2024
🦊Chapter 9Arc 1 - လူမှားယွင်းယုံကြည်မိခြင်း [End]
1.9 – ကမ္ဘာတစ်ခု၏ အဆုံးသတ်၊ နောက်ကမ္ဘာတစ်ခုသို့ သွားရောက်ခြင်း။
ချုံဟွေ့ တဲအတွင်း ဝင်လိုက်ချိန်တွင် သွေးနံ့က ပျောက်ကွယ်သွားလေပြီ။ သို့သော် စစ်မြေပြင်၌ တိုက်ပွဲပေါင်းများစွာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ရာ သဘာဝကျစွာပင် သွေးနံ့ဖျော့ဖျော့အား သတိပြုမိလိုက်၏။ အိပ်ရာနံဘေးရှိ သွေးစွန်းနေသော လက်ကိုင်ပုဝါအား တွေ့လိုက်ရချိန်၌ သူ့မျက်နှာက အရုပ်ဆိုးသွားခဲ့သည်။
ရွှယ်လင်က သူ့ကို နှုတ်ဆက်လိုက်၏။
“ကျွန်တော် မနေ့က နည်းလမ်းတစ်ချို့ စဉ်းစားမိခဲ့တယ် … ဘယ်တစ်ခုက ပိုပြီးသင့်တော်လဲဆိုတာ စစ်သူကြီး စစ်ဆေးကြည့်ပါဦး ...”
ချုံဟွေ့ မျက်နှာက မှောင်မဲသွားသည်။
“မင်းမနေ့ညက ညဉ့်နက်တဲ့အထိ မအိပ်ဘူးလို့ တော်ဝင်သမားတော် ပြောသွားတယ် ...”
ရွှယ်လင် ရယ်မောလိုက်သည်။
“ဟီးဟီး … သူ ခင်ဗျားကိုလာတိုင်သွားတာလား … မနက်ပိုင်း သွေးနည်းနည်း အန်ရုံပါ … သူဒါကိုခုထိ ကျင့်သားမရသေးဘူးလား ...”
“ဗျူဟာတွေထက် မင်းရဲ့ကျန်းမာရေးက ပိုပြီးအရေးကြီးတယ် ...”
ချုံဟွေ့က လေးနက်စွာပြောလေသည်။
သူတို့ ပထမဆုံး တွေ့ခဲ့သည့် အချိန်ကို သူမှတ်မိသေး၏။ လူငယ်လေး၏ ပါးပြင်မှာ နှင်းဆီရောင်သမ်းနေပြီး သူ၏ မြေခွေးမျက်လုံးများက တောက်ပနေကာ ဝတ်ထားသော ဝတ်ရုံနီနှင့် လိုက်ဖက်ညီနေသည်။ သူ ရယ်မောလိုက်တိုင်း အလင်းများ လက်ဖြာသွားလေ့ရှိသည်။ စစ်မြေပြင်တွင် ရှိနေသည့် တစ်ချိန်လုံး လူငယ်လေးက မျက်စိဖြင့် မြင်နိုင်သည့်နှုန်းဖြင့် ဝိတ်ကျသွားခဲ့သည်.
ယခုမူ သူ၏ တောက်ပနေသော မျက်ဝန်းတစ်စုံသာလျှင် အရင်အတိုင်း လှပမြဲကျန်ရှိတော့သည်။ သူ၏ နှုတ်ခမ်းများမှာ ဖြူဖျော့နေပြီး မတ်တပ်ရပ်လိုက်ချိန်တွင် သံချောင်းတစ်ချောင်းနှင့် တူနေ၏။၊ တစ်စုံတစ်ဦးက သူ၏ အဝတ်များအောက်ရှိ အရိုးများကို အလွယ်တကူ တွေ့နိုင်ပေမည်။
YOU ARE READING
ငါ့အမြှီးကိုဘယ်ကောင်ထိတာလဲကွ!
RomanceTitle - Who Touched My Tail Description 💥 ရွှယ်လင်သည် နှစ်ပေါင်းထောင်ချီ ကျင့်ကြံခဲ့သော်လည်း မတည်မြဲသော အခိုက်အတန့်တစ်ခုတွင် အမြှီးကိုးချောင်းလုံး ဆုံးရှုံးလိုက်ရသည့် မြေခွေးတစ်ကောင်ဖြစ်သည်။ အမြှီးများက အလိုလိုပျောက်ဆုံးသွားခြင်း ဖြစ်သော်ငြား လွယ်...