chapter 53

125 18 0
                                    

Chapter 53
March 21, 2024
🦊Chapter 53

Arc 4 - စွန့်ပစ်ခံ မင်းသမီးလေး

4.10 - ကိုယ် မင်းကိုစောင့်နေခဲ့တာ နှစ်ခုနစ်ရာကျော်ပြီ

နန်းတော်သို့ ပြန်ခေါ်ခံခဲ့ရသောကြောင့် ရွှယ်လင့်မျက်နှာ မှာ အသက်မပါသလိုပင် ဖြစ်နေသည်။

အာ…မဟုတ်သေးပါဘူး…အဲဒါကိုအခု အင်ပါယာရဲ့နန်းတော်လို့ ခေါ်သင့်တယ်…

ထိုလူအများထံမှ ‘ ဧကရီဘုရင်မ ’ဟု ကျယ်လောင်စွာ အခေါ်ခံလိုက်ပြီးနောက် သူ ချက်ချင်းပင် ပြန်လှည့်ကာ ယာဉ်ဆီသို့ ပြန်သွားလိုသော်လည်း တစ်စုံတစ်ယောက်က သူထိုသို့ ပြုလုပ်လိမ့်မည်ဟု ကြိုတင်မျှော်လင့်နေပုံရသည်။ သူ ပြန််မလှည့်နိုင်မီ ခါးမှပွေ့ဖက်လိုက်ခြင်းခံလိုက်ရကာ သူ့ခန္ဓာကိုယ်တစ်ခုလုံးကို မြေပြင်ပေါ်မှ ဆွဲမခြင်း ခံလိုက်ရသည်။

ရွှယ်လင်က သူ့အား ဆွဲဖမ်းလိုက်သောသူကို သတိရှိရှိတိုက်ခိုက်ချင်သော်လည်း သူ့လှုပ်ရှားမှုတိုင်းကို တစ်ဖက်လူက တိုက်ရိုက်ပိတ်ဆို့ထားသည်။ သူက တစ်ဖက်လူ မျက်နှာအားကြည့်ရန် အခွင့်အရေးမရှိတော့ပေ။ သို့သော် ထိုလူက သူ့လှုပ်ရှားမှုတိုင်းအား လုံးဝပြီးပြည့်စုံစွာ ထိန်းချုပ်ထားနိုင်သည်။

ရွှယ်လင်က သူ့နှလုံးသားထဲမှ အကူစနစ်လေးကို အော်လိုက်သည်။ သို့သော် ပုံမှန်နေ့များတွင် အမြဲတမ်းပေါ်လာတတ်သော အကူစနစ်လေးက ယခုအချိန်တွင် သဲလွန်စပင်မရှိဘဲ ပျောက်ကွယ်သွားပြီး လုံးဝကြောက်လန့်နေသည်။

ထို့ကြောင့် ယခုအချိန်တွင် ရွှယ်လင်က တစ်စုံတစ်ဦး၏ရင်ခွင်ထဲတွင် အချီခံထားရပြီး အင်ပါယာနန်းတော်ဆီသို့ ဦး ည်နေသည်။

ဘာလို့ အင်ပါယာနန်းတော်လို့ ခေါ်ရတာလဲ ဆိုတာကတော့ ...

သူ့ကိုချီထားသောသူက ပြောနေခြင်းဖြစ်သည်။ ရွှယ်လင်က ထိုလူ မည်သူဖြစ်ကြောင်း သိရှိထားပြီးဖြစ်သည်။ သူ တစ်ဖက်လူအား တိုက်ခိုက်ရန်မည်သည့်ကြိုးပမ်းမှုမျှ မပြုလုပ်သရွေ့ သူ လှုပ်ရွနေခြင်းအား တားဆီးလိမ့်မည်မဟုတ်ဟု ထင်ရသည်။

ငါ့အမြှီးကိုဘယ်ကောင်ထိတာလဲကွ!Where stories live. Discover now