chapter 64

163 16 0
                                    

Chapter 64
March 24, 2024
🦊Chapter 64

Arc 5 - တော်ဝင်မင်းသမီးကို မှားယွင်းလက်ထပ်မိခြင်း

5.4 – ချစ်ခင်မှုကို ဖော်ပြနိုင်သည့်စွမ်းရည်အဖြစ် ပြောင်းလဲသွားသည်။

မင်္ဂလာဆောင်ပြီး သုံးရက်မြောက်နေ့တွင် ကောင်းကင်ယံ၌ ရောင်နီမသန်းမီကတည်းက ကျန့်ရှောက်ရှီး ရွှယ်လင်၏ခြံအပြင်ဘက်တွင် ရောက်နှင့်နေပြီးဖြစ်သည်။ သူမ အဆင်သင့်ဖြစ်နေပြီဖြစ်ကြောင်း သိလိုက်ရပြီးနောက် အံ့သြစွာ မျက်မှောင်ကြုတ်လိုက်မိသည်။

ယနေ့က တော်ဝင်မင်းသမီး၏ကျေးဇူးတရားကို ချီးကျူးဖော်ပြရန် အိမ်သို့ ပြန်ရမည့်နေ့ဖြစ်သည်။ ရွှယ်လင်အပေါ် ကျန့်ရှောက်ရှီး၏ နားလည်မှုအရ သူမအား စောစောထရန် တောင်းဆိုခြင်းက သူ့အသက်ကိုပေးရန် တောင်းဆိုခြင်းနှင့် အလားသဏ္ဍာန်တူပေသည်။ ထို့ကြောင့် ကျန့်ရှောက်ရှီး ယနေ့ သူမ၏အခန်းထဲသို့ ဝင်ဖို့ကြိုးစားရန် ကြံစည်ခဲ့သည်။ တစ်ဖက်သား ဒေါသထွက်လျှင်ပင်မှ တော်ဝင်နန်းတော်ကို အချိန်မှားပြီး မပြန်နိုင်မည်စိုးသောကြောင့် သူမအကျိုးအတွက်ဟုဆိုပြီး သတ်မှတ်၍ရသည်။

သို့သော် သူ ကောင်းကောင်းစီစဉ်ထားသော်လည်း ရွှယ်လင်က စောစောနိုးလာသည်။ ယနေ့က သူ့မိသားစုထံ အလည်အပတ် ပြန်ရသည့်နေ့ဖြစ်သောကြောင့် ပြီးခဲ့သည့်ရက်အနည်းငယ်ကကဲ့သို့ ရိုးရိုးရှင်းရှင်း ၀တ်စား၍မရပေ။ ထို့ကြောင့် အဆင်သင့်ဖြစ်ရန်အတွက် နံနက်စောစောထရန် အကူစနစ်လေးက သူ့အား ထပ်တလဲလဲ ဒုက္ခပေးနေခဲ့သောကြောင့် ယခုအချိန်တွင် ပြီးလုနီးပါးဖြစ်နေပေပြီ။

သူ ဧကရာဇ်မင်းအား တွေ့ရန်အတွက် နံနက်ခင်းညီလာခံ ပြီးဆုံးမည့်အချိန်အထိ စောင့်ဆိုင်းရပေမည်။ ထို့ကြောင့် ရွှယ်လင် နန်းတော်သို့မဝင်မီ ညီလာခံပြီးသည်အထိ စောင့်ဆိုင်းရန် ရွေးချယ်ခဲ့သော်လည်း စစ်သူကြီးက သဘောမတူဘဲ အတူတူသွားကြရန် တောင်းဆိုခဲ့သည်။ သူ၏အကြောင်းပြချက်မှာ အိမ်တွင် သူတို့ မည်သို့နေထိုင်သည်ဖြစ်စေ အိမ်အပြင်ထွက်သည့်အခါ အတွင်းစိတ် သဘောထားကွဲလွဲမှုများ ရှိနေကြောင်း ရိပ်မိခံ၍မရသောကြောင့်ဖြစ်သည်။

ငါ့အမြှီးကိုဘယ်ကောင်ထိတာလဲကွ!Where stories live. Discover now