chapter 65

88 12 0
                                    

Chapter 65
March 24, 2024
🦊Chapter 65

Arc 5 - တော်ဝင်မင်းသမီးကို မှားယွင်းလက်ထပ်မိခြင်း

5.5 - သူမရဲ့ပစ္စည်းပျောက်သွားတယ်

လှည်းကို လမ်းတစ်လျှောက်မောင်းနှင်လာကြပြီး အတွင်းဘက်တွင်တိတ်ဆိတ်နေပေသည်။ ကျန့်ရှောက်ရှီး အချိန်အတန်ကြာအောင်တိတ်ဆိတ်နေပြီးမှ သူပါးစပ်ကိုဖွင့်ကာစကားပြောလာခဲ့သည်။

"ကြင်ယာတော် မင်းက နန်းတော်ထဲမှာပဲကြီးပြင်းလာပြီး ဘယ်ကိုမှလည်းမရောက်ဖူးသေးဘူး... သေချာစဉ်းစားကြည့်တော့ နန်းတော်အပြင်ဘက်က အရသာရှိတဲ့စားစရာတွေလည်း မစားဖူးသေးဘူးပဲ... အပြင်မှာပဲ နေ့လည်စာ စားလိုက်ကြမလား..."

ရွှယ်လင်က စာအုပ်ဖြင့် သူ့ပါးသူခပ်ဆတ်ဆတ်လေးပုတ်ပြီး လက်ခုံဖြင့်ထောက်ထားလိုက်သည်။ စကားပြောလာသည့်အသံကိုကြားသည့်အခါ လှမ်းကြည့်လိုက်ပြီး အနှီယောကျ်ားပျို၏မျက်နှာထက်တွင် အမူအရာတစွန်းတစရှိမနေသော်လည်း ရွှယ်လင်က သူ၏တည်ငြိမ်ရင့်ကျက်သောမျက်နှာပေါ်မှ တင်းမာနေမှုနှင့် တုံ့ဆိုင်းတွေဝေမှုတို့ကို ခံစားလိုက်ရသည်။

သူသည် အချိန်ကိုတွက်ဆကြည့်လိုက်ပြီး ယနေ့တွင် အမျိုးသမီးဇာတ်လိုက်က နန်းတော်သို့အပြန်လမ်း၌ ခွေး ပေါက်လေးတစ်ကောင်နှင့် တွေ့ရမည့်နေ့ပင်ဖြစ်ကြောင်းသိရှိလိုက်၏။ ယနေ့တွင် နန်းတော်ထဲ၌ နေ့လည်စာတည်ခင်းမည်ဖြစ်လေရာ အမျိုးသမီးဇာတ်လိုက်က ပွဲမပြီးမချင်းပြန်မည်မဟုတ်ပေ။ သူစဉ်းစားကြည့်ပြီးနောက်တွင် ခေါင်းညိတ်ပြလိုက်သည်။

"ကောင်းပြီလေ.."

ကျန့်ရှောက်ရှီးက သူခေါင်းညိတ်ပြသည်ကို မြင်တွေ့လိုက်ရသည့်အခါ အပြုံးရေးရေးခန့်ပေါ်လာခဲ့၏။ သူ အင်မတန်ပျော်ရွှင်နေဟန်ဖြင့် အပြင်ဘက်သို့ခေါင်းပြူထုတ်လိုက်ရင်း သီးသန့်အခန်းတစ်ခန်းကို ပြင်ဆင်ခိုင်းလိုက်ပြီး ဟင်းပွဲအချို့နှင့်သေရည်ကို မှာခိုင်းလိုက်သည်။

သူ အမှန်တကယ်ကိုပျော်ရွှင်နေပေသည်။ ဤသည်မှာ သူတို့လက်ထပ်ပြီးသည့်နောက် သူ၏ဇနီးဖြစ်သူနှင့် ပုံမှန်အတိုင်းနေ့လည်စာစားရခြင်းပင်။ မင်္ဂလာပွဲပြီးသည့်နောက် သူတို့တစ်ကြိမ်သာ ထမင်းအတူစားရသေးပြီး ရွှယ်လင်၏ အလေးမထားသည့်မျက်နှာက သူ့အားစိတ်ဓာတ်ကျစေခဲ့သည်။

ငါ့အမြှီးကိုဘယ်ကောင်ထိတာလဲကွ!Where stories live. Discover now