chapter 72

65 8 0
                                    

Chapter 72
March 27, 2024
🦊Chapter 72

Arc 5 - တော်ဝင်မင်းသမီးကို မှားယွင်းလက်ထပ်မိခြင်း

5.12 - ပြီးရင် မင်းကထွက်သွားရတော့မှာလေ

ယခုတွင် အခြေခံနည်းဗျူဟာကို ပြင်ဆင်ပြီးဖြစ်၍ ရွှယ်လင်က ချိတ်ဆက်အသုံးပြုနိုင်လာပြီး တချို့အရာများကို လုပ်ဆောင်ရန် ပိုမိုလွယ်ကူလာလေသည်။

ကျန့်ရှောက်ရှီး၏ ဝမ်ရမ်ဟုန်အပေါ် ပြသခဲ့သောအချစ်က ပြင်းထန်အားကောင်းလွန်းသောကြောင့်  ဧကရာဇ်က သူ့ညီမကို ကျန့်ရှောက်ရှီးနှင့် လက်ထပ်ပေးခဲ့ပြီးသည်နှင့် စစ်သူကြီးနားတွင် သတိထားပြီးမနေပေ။ သူ့အတွက် ဧကရာဇ် စီစဥ်ပေးသော အလုပ်များက သင့်တော်ကာ ပြီးမြောက်ရန် လွယ်ကူသည်။ မင်းသမီး၏ ခင်ပွန်းသည်ကို ယခုရက်များတွင် သူ သဘောအကျဆုံးဟုပင် ဆိုနိုင်သည်။

ရွှယ်လင်က နန်းတော်သို့ ရံဖန်ရံခါသွားပြီး ဧကရာဇ်အတွက် ဟင်းလျာများ ပို့ပေးသည့် အတောအတွင်းတွင် မင်းသား၏ လှုပ်ရှားမှူများက အတော်လေး နှေးကွေးသွားလေသည်။ ဧကရာဇ်၏ ခန္ဓာကိုယ်ထဲမှ စုပုံနေသော အဆိပ်များသည်လည်း တဖြည်းဖြည်း အာနိသင် ပြယ်လာလေသည်။ မင်းသားက သူ၏ ခမည်းတော်ဧကရာဇ် တစ်နေ့ထက်တစ်နေ့ ကျန်းမာသန်စွမ်းလာသည်ကို တွေ့နေရသောကြောင့် ပို၍ ဘဝင်မကျဖြစ်လာကာ သူ့အကြည့်များက သတ်ဖြတ်ချင်နေသကဲ့သို့ စူးရှနက်ရှိုင်းလာလေသည်။

သူတို့၏ အစီအစဥ်များ နှောင့်နှေးသွားသည်နှင့် အလုပ်အများစုကို လုပ်ရန် လိုအပ်သူမှာ ပိုင်ချန်ယန်းဖြစ်သည်။ ထိုအချိန် အတောအတွင်းတွင် သူ ပို၍ အလုပ်ရှုပ်နေသောကြောင့် သူ့ခြေဖဝါးသည်ပင် မြေပြင်နှင့် မထိနိုင်ဘဲ အမတ်ချုပ်ကြီး၏ နေအိမ်သို့ ညဥ့်နက်မှသာ ပြန်လာနိုင်လေသည်။ တစ်ချိန်လုံး အိမ်တွင်မရှိသောကြောင့် အမတ်ချုပ်ကြီးထံမှ ပြစ်တင်ဝေဖန်ခြင်းကိုပင် ခံရလေသည်။ ၎င်းတို့ထဲမှ တချို့က ကျန့်ရှောက်ရှီး၏ လက်ချက်ပင်။

ကျန့်ရှောက်ရှီး ယခု လုပ်နေသောအရာများက သူ ယခင်က ပြောခဲ့သောအရာများနှင့် လုံးဝ ကွာခြားပေသည်။ သူက ပြိုင်ဘက်ဖြစ်လာနိုင်ချေရှိသူများကို ပြင်းထန်သော မုန်တိုင်းကဲ့သို့ ရှင်းပစ်ရန် အလွန် နှစ်သက်သည်။ လက်ရှိတွင် သူက ပိုင်ချန်ယန်းကို ပွင့်ပွင့်လင်းလင်း ဆန့်ကျင်ရန် မဖြစ်နိုင်သေးသောကြောင့် ပိုင်ချန်ယန်း လုပ်စရာအလုပ်များ ပိုများလာအောင်သာ လုပ်နိုင်လေသည်။ ထိုသူက ရွှယ်လင်၏ဆိုင်သို့ သွားရောက်လည်ပတ်ရန်ပင် အချိန်မရှိဘဲ အလုပ်များနေပါက အကောင်းဆုံးပင်။

ငါ့အမြှီးကိုဘယ်ကောင်ထိတာလဲကွ!Where stories live. Discover now