chapter 44

204 16 0
                                    

Chapter 44
March 20, 2024
🦊Chapter 44

Arc 4 - စွန့်ပစ်ခံ မင်းသမီးလေး

4.1 - ဘယ်သူပဲ ဘုရင်ဖြစ်ဖြစ်၊ သူကတော့ ဘုရင်မ ဖြစ်ကိုဖြစ်ရမယ်။

သူ မွေးဖွားလာသည့်အချိန်တွင် ကောင်းကင်ယံ၌ နေရောင်ခြည်များနှင့် ပြည့်နှက်နေကာ ပန်းများလည်း ဖူးပွင့်နေပြီး ငှက်ကလေးများကပင် သူ့အတွက် တေးဆိုပေးခဲ့ကြသည်။

အင်ပါယာ၏ဝန်ကြီးချုပ်များက သူ့ကိုပွေ့ချီကာ သူ့အတွက် အလှပဆုံး ဓမ္မတေးသီချင်းများကို သီဆိုပေးခဲ့ကြသည်။ ထို့အပြင် အင်ပါယာ၏ ပရောဟိတ်ကြီးများက သူ့အတွက် အမည်နာမ မှည့်ထွင်ပေးခဲ့ကာ သူ့ကံကြမ္မာကို ကြိုတင်တွက်ဆပြီး ခန့်မှန်းပေးခဲ့ကြသလို ကြယ်များသည်ပင် သူ့အတွက် တောက်ပနေခဲ့ကြသည်။

ယဇ်ပူဇော်ခြင်းဆိုင်ရာ ဟောကိန်းတွင် သူက အင်ပါယာ၏ဧကရီပင်ဖြစ်သည်။

အင်ပါယာ၏ နောက်ဆုံးမင်းသမီးဖြစ်သည်။

သူ့နာမည်က အက်ရှလေဂျိုအန်ရိုင်းန်ပင်။

ကံမကောင်းစွာဖြင့် သူက အဓိကဇာတ်ဆောင်မဟုတ်သောကြောင့် အဆုံးတွင် ဝမ်းနည်းဖွယ် သေဆုံးသွားခဲ့သည်။

ရွှယ်လင် နိုးလာချိန်တွင် သူက ကြီးမားသော နှစ်ထပ်ကုတင်ကြီးပေါ်တွင် လဲလျောင်းနေပြီး အိပ်ခန်းကို ပန်းရောင်အလွှာများဖြင့် ဖုံးအုပ်ချယ်သထားသည်။ အခန်းတွင်း အလှဆင်ထားမှုများကို တစ်ချက်ကြည့်လိုက်ရုံနှင့်ပင် မင်္ဂလာဦးအခန်းအဖြစ် ရည်ရွယ်ထားကြောင်း ခန့်မှန်းနိုင်ပေသည်။

သို့သော် သူ့ဘေးနားရှိ နေရာလွတ်က အရာမယွင်းသေးပေ။ ထို့ကြောင့် သူ့ဘေးနား၌ မည်သူမှ မအိပ်ခဲ့သည်မှာ ထင်ရှားပေသည်။

၎င်းက ရွှယ်လင်အား ဒုက္ခအချို့မှ ကယ်တင်ပေးနိုင်ခဲ့သည်။ အကယ်၍ လူတစ်ယောက်သာ ထိုနေရာ၌ အမှန်တကယ်ရှိခဲ့လျှင် သူတို့ကို သတ်ပစ်ပေလိမ့်သည်။

ရွှယ်လင် ကုတင်ပေါ်တွင် ပြန်လှဲလျောင်းနေပြီး ထရန် ရည်ရွယ်ချက်မရှိပေ။ အခန်းထဲတွင် အခြားမည်သူမျှမရှိကြောင်း သေချာစေရန် လှည့်ပတ်ကြည့်ပြီးနောက် အကူစနစ်အား ခေါ်ကာ ဤကမ္ဘာ၏ဇာတ်ကြောင်းကို လွှဲပြောင်းပေးရန် တောင်းဆိုလိုက်သည်။

ငါ့အမြှီးကိုဘယ်ကောင်ထိတာလဲကွ!Where stories live. Discover now