Chapter 29
March 07, 2024
🦊Chapter 29Arc 3 - ဖျော်ဖြေရေးလောက၏ လရောင်ဖြူလေး
3.4
ရွှယ်လင် တံခါးကို မပိတ်မီအထိ အကူစနစ်လေးက သူ့မူလနေရာတွင်သာ မလှုပ်မရှားရှိနေသည်။ ထို့နောက် သူ အထဲသို့ခုန်ဝင်ကာပြောသည်။
“ အရှင်က ဘာလို့ သရုပ်ဆောင်ချင်နေရတာလဲ…ပိုင်ယွဲ့မှာ အဲ့လိုဆန္ဒမျိုး မရှိခဲ့ဘူးလေ…”
“ ငါ့ တာဝန်က ပိုင်ယွဲ့ဆန္ဒကိုဖြည့်ဆည်းဖို့မဟုတ်ဘူး…အဓိကဇာတ်ကောင်တွေရဲ့ ကံကြမ္မာကို ပြောင်းလဲပစ်ဖို့လေ….ပြီးတော့ သူ့ဆန္နတွေက အရမ်းရိုးရှင်းတော့ သိပ်ပြီး စိန်ခေါ်မှုမရှိကြဘူး… ”
အကူစနစ်လေးက အလေးအနက်တွေးတောရင်း နှုတ်ခမ်းများ တွန့်လိမ်နေသည်။
"အရှင်က ပြဿနာရှာဖို့အတွက် အားယားနေပြီးသားဆိုတော့ နောက်ကမ္ဘာကျရင် အဲ့လို ကြုံလာသမျှပေါက်ကရတွေ လျှောက်လုပ်ဖို့အချိန်လုံးဝမအားအောင် သေချာလုပ်ရမယ်…"
“ အဓိကဇာတ်ကောင်ရဲ့ ကံကြမ္မာကိုပြောင်းလဲဖို့အတွက်နဲ့ ဖျော်ဖြေရေးနယ်ပယ်ထဲ သရုပ်ဆောင်အဖြစ်ဝင်ဖို့က လိုလို့လား…. ”
“ဒါပေါ့… သူ တဖြည်းဖြည်းစုဆောင်းခဲ့တဲ့ ဂုဏ်သတင်းကို ဖျက်ဆီးချင်တယ်…အဲ့ဒါမှ သူ နောက်ဆုံးမှာ လုံးဝသိက္ခာကျခံရတဲ့အခါ ဘယ်သူမှ သူ့အတွက် စိတ်မကောင်းဖြစ် ဝမ်းနည်းပေးမှာမဟုတ်ဘူး… ”
သူက သူ့ဆွယ်တာအင်္ကျီအား တစ်ချက်တည်း ဆွဲချွတ်လိုက်ပြီး သူ့ရှပ်အင်္ကျီ ကြယ်သီးများဖြုတ်နေသည်။
“ သူက လင်းရိနဲ့ အလုပ်တွဲလုပ်ရတာကို အရမ်းအလေးထားတယ်မလား…ငါက လင်းရိ သူ့ကို မုန်းသွားအောင်လုပ်မယ်…သူ့ပရိသတ်တွေက သူ့ကိုစွန့်ခွာသွားကြပြီး နောက်ဆုံးမှာ သူ့ကိုယ်သူပဲ ဖျက်ဆီးခွင့်ပေးလိုက်မယ်… ”
အကူစနစ်လေး - ဘယ်လောက်တောင် ရန်လိုနေရတာလဲ…
ရွှယ်လင်က မျက်စိမှေးကာကြည့်လိုက်ပြီး အကူစနစ်လေး စဉ်းစားနေသောအရာကိုသိရန် သူ့အမြီးကို ဖျစ်ညှစ်လိုက်သည်။
YOU ARE READING
ငါ့အမြှီးကိုဘယ်ကောင်ထိတာလဲကွ!
RomanceTitle - Who Touched My Tail Description 💥 ရွှယ်လင်သည် နှစ်ပေါင်းထောင်ချီ ကျင့်ကြံခဲ့သော်လည်း မတည်မြဲသော အခိုက်အတန့်တစ်ခုတွင် အမြှီးကိုးချောင်းလုံး ဆုံးရှုံးလိုက်ရသည့် မြေခွေးတစ်ကောင်ဖြစ်သည်။ အမြှီးများက အလိုလိုပျောက်ဆုံးသွားခြင်း ဖြစ်သော်ငြား လွယ်...