chapter 89

9 2 0
                                    

Chapter 89
April 03, 2024
🦊Arc 6 Data In love

Chapter 89

6.14 -  နတ်ဆိုးကမ္ဘာမှာ အိပ်ယာပြင်ပြီး ဘေဘီ ကိုယ့်ကို လာသတ်မှာကို စောင့်နေမယ်

အပြင်က တကယ့်ကမ္ဘာကြီး ပျက်စိီးသွားမယ်ဆိုတာ ဘာကို ဆိုလိုချင်တာလဲ...

အဓိပ္ပာယ်မှာ ဂိမ်းကမ္ဘာနှင့် အပြင်ကမ္ဘာက တစ်ခုပေါ်တစ်ခု မှီခိုမှု မရှိသောကြောင့်ပင်။ ပင်မကွန်ပျူတာက အလုပ်မလုပ်တော့ဘဲ ကစားသမားများကလည်း သူတို့ရရှိခဲ့သော အားသာချက်ဖြစ်သည့် ပြိုင်ဘက်ကင်း စွမ်းအားများကို ဆုံးရှုံးခဲ့ရသည်။ သူတို့၏ ကိုယ်ပိုင်ဂိမ်းစာရင်းမှတ်တမ်းများကို ထိန်းချုပ်နိုင်သေးသော်လည်း သူတို့၏ ကိုယ်ပိုင်စွမ်းရည်များကို သူတို့ကိုယ်သူတို့ ကျွမ်းကျင်အောင် ပြုလုပ်ရာတွင်သာ သုံးနိုင်သည်။

ဂိမ်း၏စနစ်က လုံးဝ ရပ်တန့်သွားလေသည်။ စကားပြောသောချန်နယ်များကို အသုံးပြု၍ ရနိုင်သေးသော်လည်း ကူးပြောင်းခြင်းစနစ်ကိုမူ သုံးမရပေ။ ပင်မကွန်ပျူတာက ဂိမ်းကမ္ဘာ၏ ထိန်းသိမ်းလုပ်ဆောင်ချက်များကို လုံးဝ ရပ်တန့်လိုက်သော်လည်း ကစားသမားများတွင် ရွေးချယ်စရာ မရှိပေ။ သူတို့ ဤဂိမ်းကမ္ဘာနှင့် အပြည့်အဝ မပူးပေါင်းပါက သေဆုံးကြရမည် ဖြစ်သည်။ ပြင်ပကမ္ဘာကြီး၏ ပျက်စီးသွားမှုနှင့်အတူ ပြင်ပကမ္ဘာတွင် ကျန်ခဲ့သော သူတို့၏ ခန္ဓာကိုယ်များကလည်း ပျောက်ကွယ်သွားခဲ့ပြီပင်။ ကျန်ရှိနေသေးသော အရာက သူတို့၏ စိတ်ဝိညာဥ်များသာဖြစ်၍ ထိုဝိညာဥ်များတွင် ပြန်လည်စတင်ရန် အခွင့်အလမ်းမရှိတော့ပေ။ သူတို့ သေသည်နှင့် တစ်ပြိုင်နက် သူတို့အသက်များကို ဆုံးရှုံးရမည်ပင်။

တံတားပေါ်တွင် မိုးသံနားဆင်သူက သူ့လက်များကို အင်အားမဲ့စွာ ဆုတ်ထားလေသည်။ သွေးပင်လယ်ထဲမှ သူ့သွေးကို အခြားသူများ၏ သွေးများနှင့် ခွဲခြားရန် ခက်ခဲလေသည်။

မိုးခြိမ်းသံကို ခပ်ဝေးဝေးမှ ကြားနေရပြီး မိုးစက်များက သူ့ကိုယ်ပေါ်သို့ ရိုက်ခတ်လာသော်လည်း သူ ဘာကိုမျှ မခံစားရပေ။

ငါ့အမြှီးကိုဘယ်ကောင်ထိတာလဲကွ!Donde viven las historias. Descúbrelo ahora