Part

5.3K 59 0
                                    

My husband is mefia
          အပိုင်း ၁
          (mini fic)

ရာသီဥတု က ကိုယ်ဘက်ရောက်လို့။လွမ်းလွမ်း ဆွေးဆွေး ထိုင်းထိုင်းမှိုင်းမှိုင်း ကော်ဖီ တစ်ခွက် နဲ့ ကွေးနေခြင် စရာ ကောင်းအောင် မိုးက ခပ်အုံ့အုံ့။မဲ မှောင် နေသော ကောင်းကင်ကြီး နဲ့ အပြိုင် အံတု နေသည့် မေယွန်းငုံရဲ့ ပုတ်သိုးသိုး မှိုင်းပြပြ မျက်နှာကလေး ။၂လကျော် တွဲလာခဲ့သော ရည်းစားဟောင်းရဲ့ သစ္စာ ဖောက်မှုကြောင့် အသဲကွဲ နေသော သူမ မျက်နှာဟာ ရွာတော့မဲ့ မိုးနှယ် ။

ယောက်ျားတွေ များ ပြောတော့ ချစ်လှ ပါချည့်ရဲ့ ကြိုက်လှ ပါ့ချည် ရဲ့ ဆိုတဲ့စကား ကို ပါးစပ်ဖျား က မချ။ ပီးကျ လုပ်လိုက်ရင် တစ်လွဲချည်းသာ။တွေ့ကြသေးတာ ပေါ့ နေမျိုးသီဟဗလမင်းထင် ရယ်။ နာမည်ရှည်သလောက် အရပ်က ပုတဲ့ ခွေးပစ်တဲ့ တုတ်ကများ ငါ့ ကွယ်ရာ ကျိတ်ပုန်း ခုတ်သတဲ့ ။

မေယွန်းငုံ တွေးလေ တွေးလေ ဒေါသ က ထွက်လာလေ။

မိုးက ရွာတော့ မလို အစက်အမွှား လေးများ ကျလာပါမှ Taxi တားဖို့ သတိရလာတော့သည်။ ထီးကလည်းမပါ တဲ့ အဖြစ်၊ အခု မှ တကယ် ကံဆိုး မ သွားရာ မိုးလိုက်လို့ ရွာ ဆို တာ မျိုး။ သူမ ဒုက္ခ ကလည်း ရည်းစား လူလု အူနု ကျွဲခတ် ဖြစ်နေရ ပါတယ် လို့ သူများကိုရင်ဖွင့်ဖို့ တောင် ရှက်စရာ သူမ ရည်းစား နေမျိုးသီဟဗလ မင်းထင် ဆိုတဲ့ ကောင်ရဲ့ ရုပ်က ရည်းစားပါလို့ ပြဖွယ်ရာ တစ်စက်မှ သားသားနားနား မရှိ။

သနားချစ် ကလေး နဲ့ အဖြေ ပေး ခဲ့ သလောက်၊
ရုပ်ဆိုး တဲ့ ကောင်ဆိုတော့ မေယွန်း ကိုတော့ ဖြစ် သည်းသည်းလှုပ် ချစ် ရှာ မှာပါ ဟဲ့  ဆိုပြီး ပျားရည် နဲ့ ဝမ်းချ လာ ခဲ့ သည့် မျက်နှာကို ပင် မထောက် သကောင့်သား က ခြံခုန် သတဲ့။

ထွီ....အော်ဂလီ ဆန်လိုက်ထှာ။ပြသာနာ ရှာ ချင်စိတ်လည်း မရှိတော့ သလို၊ ဒင်း မျက်နှာ ကို ပင် မြင်ချင် စိတ် မရှိ တော့ သည်အထိ သူမ  စိတ်ပျက် မိသည်။

အတွေးကို ရပ်။taxi တားဖို့ လက်ပြ လေလျှင်.....ကားများက တော်တော် နဲ့ ရပ်မပေး ။ရပ်ပေးမဲ့ ပေးတော့ oooo ပြိုင်ကား လေး။aww ... ခေတ် ခေတ် ပြိုင်ကား နဲ့တောင် တက္ကစီ ဆွဲ နေ ရ သည် ဆိုတော့ ထို ပြင်ကား မောင်းသူ လည်း ပြတ်တုံး လတ်တုံး 23 ဆိုတဲ့ အတိုင်း ဆီဖိုး ထွက်ရှာ ခြင်း ဖြစ်နိုင်လေသည်။

My husband is mafia Where stories live. Discover now