Part 16

1.1K 22 0
                                    

My husband is mafia
အပိုင်း (၁၆)

ပွယောင် ယောင် ဆံပင်တွေနဲ့ ကုတင် တစ်ဖက်စွန်း မှာ ဂါ၀န် အဖြူထည် နဲ့ ထိုင်နေတဲ့ မိန်းကလေး မျက်နှာ မှာ ခံစားချက်ဟူနဲ့ မြူ တစ်မှုံ စာမှ မရှိအောင်ပျောက်ဆုံး လို့ နေသည်။

သူမ မှာ တစ်နေ့တာ အတွက် ဘာမှ လုပ်စရာ မရှိ ဒီ ကုတင်ပေါ်မှာ သာအချိန် ကုန် ဆုံး လို့နေသည် ။မနက် ၉ နာရီ ထိုးရင် မနက်စာ လာပို့ ပေးသည်။ နောက် ရေချိုးဖို့ အ၀တ်အစား က ဂါ၀န် တစ်ထည် နဲ့ မိန်းမ အသုံးအဆော င် အချို့။ နေ့လည် ၁၁ နာရီ မှာ နေ့လည်စာ ။ ညနေ ပိုင်းမှာ ကြေးအိုး စသဖြင့် တစ်မျိုးမျိုး လာပို့ ပေးတက်ပီး ညစာ လာပို့တဲ့ ကင်းဟာလည်း အကျင့် မပြတ်စေသလို လာပို့ သမျှ တိုင်းနဲ့ သူ့ဆီ ပစ်ပေါက်တက်သော မေယွန်း အကျင့်က လည်း မပျောက်ချေ။

သူဟာ နောက်ပိုင်းမှာ အနုနည်း မရလျှင် အကြမ်းနည်း သုံးလို့လာသည်။

"မင်း ဘာမှ ဆန္ဒ ပြ ဖို့ ကြိုး စား မ နေ နဲ့ ။ အေး ဘယ်လို ကြိုးစား ကြိုးစား ငါ့ လက်ထဲက မလွတ်ဘူး ။ နောက်တစ်ခါ လွှတ်ပစ်ရင် မင်း ကိုအငတ်ထားမယ်။"

သူ့အပြောကို ဆန့်ကျင်စွာ မေယွန်း ကလည်း လွှတ်ပစ်မြဲ ။ မစား ပါများ လာတဲ့ အခါ နဂို အစာ အိမ် အခံ ရှိသော မေယွန်း ရဲ့ အခြေအနေ ဟာ အိပ်ရာ ထဲ လဲ လေလျှင် သူဟာ နောက်တစ်မျိုး ပြောင်း လေတော့သည်။

"ကောင်းပီလေ။ ငါ ပြောတဲ့ စကား မင်းနားမထောင်ဘဲ အခုလို ဆက်လုပ်နေရင် ဒီညက စပီ ငါရဲ့ အိပ်ရာ ဟာ မင်းရဲ့ အိပ်ရာ ဖြစ်သွားလိမ့်မယ် ဘယ်လို လဲ ။"

သူ့ လုပ်သမျှ ငြင်း ဆန်ဖို့ အင်အားများ မေယွန်းမှာ ဆိတ်သုန်းလို့ နေချေပြီ။ ဒီ ဘ၀ ကြီး က လွတ်မြောက်ဖို့ ဆိုတာ မေယွန်း အတွက်တော့ သေဆုံး ချင်း သာရှိ တော့သည် မို့လား သေခွင့်ပေးဖို့ ကိုသာ ဆုတောင်းနေခဲ့ရလေသည်။

ရက်မှ လသို့ ကူးပြောင်း ခဲ့ ချိန် အထိ မေယွန်း ဟာ သူတစ်ယောက်နဲ့ သာ ထိတွေ့ ပတ်သပ် ခဲ့ရလေသည်။

ကင်းဟာ ကိုယ်ပြောသမျှ ကို ငြင်းလည်းမငြင်း ဆန်သလို ခံစားမှု လည်း မရှိ တဲ့ မိန်းကလေး ကို မှ မုန်းလို့ ကလဲ့စား ချေတယ်ဆိုတာထက် ချစ်လို့ ဘေးနားမှာ ရှိနေစေချင်တာ က ပိုတယ်ဆိုတာ ကိုယ့်ကိုယ်ကို သိလေ ကိုယ့်အပေါ် ပြန်မချစ်နိုင်တဲ့ သူမ ကို နာကြည်းလေ။

My husband is mafia Where stories live. Discover now