Part5

1.5K 35 0
                                    

My husband is mafia
အပိုင်း ( ၅ )

"ကိုကြီး"

သင်တန်း က ပြန်လာခိုက် ဧည့်ခန်း မှာ ထိုင်နေသော အကို ဖြစ်သူ ကို မြင်လိုက်ရလျှင် မေယွန်း မှာ အတိုင်းမသိ အောင် ဝမ်းသာပျှော်ရွှင် သွားရလေသည်။

"ငုံလေး"

ကိုကြီး က မေယွန်း ဆီက ကျောပိုးအိတ် ဆွဲယူပီးခေါင်းကို ပုတ်လိုက်ကာ ဆံပင် တွေကို ချစ်စနိုး ရှုပ်ပစ်တော့သည်။ ကိုကြီး ဟာ မေယွန်း ကို ပုံမှန် အတိုင်း ထိုသို့ လုပ်တာ ဖြစ်သော်လည်း မေယွန်း က လည်း နှုတ်ခမ်း ဆူနေကြ အကျင့် အတိုင်း စိတ်ကောက်မြဲပင်။

"ကိုကြီး....လုပ်ပြန်ပီ....မေကြီးရေ"

"ကြည့်စမ်း....ကိုကို့ ညီမလေး က လူကြီး မှ မဖြစ်သေးဘဲ ခုထိ အိမ်မှာ ကလေး လုပ်တုန်း"

"ဟာ....မေယွန်း အသက် ၁၈နှစ် ပြည့်ခဲ့တာ လွန်ခဲ့တဲ့ ၄ နှစ်တဲ့က နော်....ကိုကြီး ဘယ်မှာ အိပ်ပျော် နေတုန်း"

"ဒီကောင်မလေး အသက်ကြီးတိုင်း လူကြီး ဖြစ်တာမှတ်လို့၊ မှတ်ထား .....လူကြီး ဆိုတာ စိတ်ဓာတ် ရင့်ကျက် မှုနဲ့ ပဲဆိုင်တယ်"

"အာ့တွေ...မသိပါဘူး မေယွန်း လူကြီး ဖြစ်နေပီ ကိုကြီး နဲ့ မေကြီး ကို ရှာဖွေကျွေးနိုင်နေပီ"

"ဟား....အဟား....ကျေနပ်ပါတယ်ဗျာ...ကိုကို့ ညီမ ဆိုးဆိုး လေးက လူကြီး ဖြစ်ပီ ယောက်ျား ယူလို့ရပီ မပြောလို့"

"ကဲ....ဒီမောင်နှမ တွေ တော်တော်ကြာ ညီမ လုပ်သူက အကိုကိုယ် စိတ်ကောက်ပီး သတ်ကြအုံးမယ် တော်ပီ သားကလည်း ငုံလေး ကိုမစနဲ့တော့ ....ဟိုမှာ နှုတ်ခမ်း က ရှေ့ နှစ်တောင်လောက်ထွက်နေပီ"

"ဟား.....ဟား.....မေမေ ကလည်း သားက ချစ်လို့ စနေတာပါ aww....ညီမလေး ....မေမေ သား ခဏနေ ပြန်သွားရမယ် ထမင်း မစားခင် ပိုက်ဆံ အရင် ပေးချင်လို့...."

"ဟင်....ကိုကြီး ခုချက်ချင်း ပြန်မှာလား ခဏလောက် တောင် မနေတော့ဘူးလား"

"နေလို့ မရတော့ဘူး ညီမလေးရဲ့ ကိုကြီး မန်းလေး မပြန်ခင် ရန်ကုန်မှာ သူဌေး နဲ့ တွေ့သွားရအုံးမယ်"

"သားရယ် ပင်ပန်းလိုက်တာ ခဏ ဖြစ်ဖြစ် နားလို့ မရတော့ဘူးလား"

My husband is mafia Where stories live. Discover now