Part 18

1.5K 26 0
                                    

My husband is mafia
Part 18

"စွတ်ပြုတ် ပူပူ လေး သောက် လိုက်ပါ အုံး ကိုကို"

သူ မေယွန်း ကို မျက်နှာ တည်တည် ကြီး ဖြင့် ကြည့် လာ သည်။

"မင်း ကို ထွက်သွား လို့ ပြော ထား တယ် မလား"

အင်မတန် တင်းမာ လွန်း သည့် သူ့ လေသံ ကြောင့် မေယွန်း ရင်ထဲ အောင့် မျက် သွား ရသည်။သို့သော် မျက်နှာ မပျက်အောင် ထိန်းလိုက်နိုင်သည်။

"မင်း သနား တာ ငါမလိုချင်ဘူး၊ မင်း ငါ့ကိုသနား စရာ မလိုဘူး"

"မေယွန်း ကိုကို ကို သနား တာ မဟုတ် ပါဘူး"

သူ က စိတ်ဓာတ်ကျ နေသလို ဖြူဖျော့ ဖျော့ ရုပ် ဖြင့် မဲ့တဲ့တဲ့ ပြုံး သည်။

"ဒါဆို ဘာ အတွက်လဲ"

"ကိုကို က မေယွန်း ယောကျ်ားဘဲ ၊ မေယွန်း ပြုစုပေးရမှာ ပေါ့"

သူ မျက်နှာဘေး က ပို မဲ့ သွားသည်။

"မင်း ပြောချင်တာ တာဝန်အရ ဆိုပါတော့"

အေးတိအေးစက် သူ့ စကား ကြောင့် မေယွန်း ရဲ့ ထိန်းချုပ်ထား တဲ့ စိတ်တွေ လွှတ်ထွက်ကုန်တယ်။

"တာဝန် ဖြစ်ဖြစ်၊ ဘာဖြစ်ဖြစ် မေယွန်း နေ ချင်တယ်၊ ကိုကို နဲ့ မေယွန်း တရာဝင်မကွာရှင်း သေး သရွေ့ ကိုကို မေယွန်း ကိုနှင် ပိုင်ခွင့် မရှိဘူး၊ကိုကို က မေယွန်းယောကျ်ား၊ဒီတော့ ကိုကို့ ကိုယ် မေယွန်း ပိုင်တယ်၊ ဒီလို လုပ်နေတာ မကြိုက် ရင် ကိုကို မေယွန်း ကို ကွာ ရှင်း လိုက်ပါ"

နဂိုထဲ က အေးစက်နေပြီးသား  သူ့ မျက်နှာ ဟာ မီးရောင် အောက်မှာ ဖွေးခနဲ ဖြစ်သွားတယ်။ဒေါသ ရိပ်တွေ တရိပ်ရိပ်တက် လာ တဲ့ ပုံမျိုး မို့ သူမ စိတ်ထဲ နည်းနည်း လန့်သွားတယ်။

"မင်း ငါ့ဆီ ကို ကွာရှင်းခွင့် လိုချင်လို့ ပြန်လာ တာ မို့လား၊ ကောင်းပြီ ငါ မင်း ကို ကွာ ရှင်း ပေး မယ်"

သူ့ အသံ ဟာ ဒေါသ ကြောင့်လား မသိ အဖျားခတ် တုန်ရီ လို့နေတယ်။ဒါပေမဲ့ သူ့ အသံ ထက် သူ့ စကား အဓိပ္ပာယ် ကို မေယွန်း က ပို ပြီး အာရုံစိုက်နေမိခဲ့တယ်။

My husband is mafia Where stories live. Discover now