Part 12

1.2K 21 0
                                    

My husband is mafia
အပိုင်း  (၁၂)

အိပ်ရာ ကထလာသည်နှင့် အခါတိုင်း ဆိုရင် ဘေးမှာ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေသော သူမ မျက်နှာလေး ကို ငေးကြည့် ပီး  အတော်ကြာ စိုက်ကြည့် နေရတာ ကို ကျေနပ် နေတက်တဲ့ သူဟာ အခု ဘေးမှာ ရှိမနေသော အခါ ဆောင့်တက်လာသော စိတ်နဲ့ အတူ လူက အခန်းထဲရှိ တံခါးများ လိုက်ဖွင့် ခေါ်သော်လည်း မတွေ့ သည့်အဆုံး အောက်ထပ် ဆင်းလာကာ သူမ နာမည်ခေါ် နေမိစဲပင်။

ကိုယ့်စီ မှာ သူမ မရှိတော့ ဘူး ဆိုတဲ့ ခံစားချက်ဟာ သူ အတွက် တော့ နှလုံးသား တစ်ခုလုံး ကွဲကြေမတက်ကို ခံစားရတာဖြစ်သည်။

"ဘေဘီ.....ဘေဘီ....."

အရူးတစ်ယောက်လုံး ယောက်ယက်ခတ် နေမိတာ ဘဝမှာ ပထမဆုံး။

"ဘာ လို့ အော်ခေါ်နေတာလဲ ကျွန်မ ဒီမှာ......"

မီးဖို ထဲက ကြားလိုက်သော အသံ ကြောင့် ဝင်လာလျှင် သူမ က နောက်ခိုင်းကာ ဟင်းအိုးမွှေ နေခြင်းရယ်ပါ။ သူဟာ သူမ ကိုယ် တွေ့လိုက်သော ကြောင့် ဘာမှ မပြောတော့ဘဲ နောက်ကနေပီး သူမ ခါး သိမ်သိမ် လေး ကို ဖက်ထား ပစ်လိုက်လျှင် သူမက ရုတ်တရက် မို့ ဆတ်ခနဲ ဖြစ်သွားလေသည်။

"ဘ....ဘာလဲ....ဘာလုပ်တာလဲ"

"မင်း ကို ကိုယ့်နိုးနိုးချင်း မတွေ့တာ ဘယ်လောက် လန့်သွားလဲ သိလား"

"ဟင့်....လန့်တာနဲ့ ခါးလာ ဖက်တာနဲ့ ဘာဆိုင်လဲ....လွှတ်"

"ဆိုင်တယ်....ခဏလေးပါ"

သူမ က အသာ သက်ပြင်းချ ပီး ဘာမှ မပြောတော့ချေ။ အသက်ရှူ သံ နှစ်သံသာ ကြီးစိုးနေပီ အပ်ကျ သံတောင် ကြားရလောက်အောင် တိတ်ဆိတ် လို့ ပတ်ဝန်းကျင်ဟာ ရင်ခုန်မှု ကို ပံ့ပိုး နေသည့် အခြေအနေမှာ သူမ ရော ဘယ်လို နေမှာ ဘာလိမ့်နော်။

"ဘာတွေ ချက်နေတာလဲ ....ယုယ ကော ဘယ်သွားလို့လဲ"

"ယုယ က သူ့ အမ နေမကောင်းလို့ ရွာပြန်သွားတယ် .....ချက်နေတာက မုန့်ဟင်းခါး"

"အာ့ကြောင့် မွှေးနေတာကို...မင်း တစ်ယောက်တည်း ကုန်ပါ့မလား အများကြီး"

"ရှင်မကြိုက်ဘူးလား"

"ဟင်.....ကိုယ်စားလို့ ဖြစ်တယ်ပေါ့"

My husband is mafia Where stories live. Discover now