Part 15

1.2K 22 0
                                    

My husband is mafia
အပိုင်း (၁၅)

"ဘေဘီ ..... ဘေဘီ ဘယ်မှာလဲ ကိုကို လာပီ"

သူဟာ ချိန်းထားသော မြို့ စွန်က ဂိုထောင်ရှိရာ ရောက်လာသော်လည်း သူမ ကို မတွေ့ သေးချေ။

"ဘေဘီ...."

"မရောက်လာဘူး ထင်တာ ။ မင်းကို အဲလောက်ထိ ဦးနှောက် နည်းလိမ့် မယ်လို့ ထင်မထားဘူး ။ "

"ကင်း.... ငါကလည်း မင်းကို အဲလောက် အောက်တန်းကျ လိမ့်မယ်လို့ ထင်မထားဘူး ။ မင်း ငါကို သတ်ချင်တာ မို့လား သူ့ကို မထိနဲ့ ။"

"ဟား..... အဟက်.... ဇိုး မင်းက အချစ် လူပေါ ကြီးပဲ ကွ။ ဟား.... ဒုတိယ ကိုပေါ ပဲ ။ မေယွန်းငုံ က မင်း ကို ချစ်တယ် ထင်လား။ ငါက ငုံ ကို ဒုက္ခ ပေးစရာလား မင်း မမေ့နဲ့ ဇိုး မေယွန်း ငုံ ဆိုတာ ငါနဲ့ နှစ်ညလောက် ရှိခဲ့ ဖူးပီး ငါ့ချစ်သူ ဆိုတာ။"

"မင်း ဘာကို ပြောချင်တာလဲ ကင်း "

"ရှင်းရှင်း လေးပဲ မင်း နဲ့ ကျားကြီး ကိစ္စ ရှေ့ မှာ လှုပ်ရှားတာ ငါပဲ ဒါမဲ့ နောက်က သတင်းပေး ခဲ့တာ က ဘယ်သူလို့ထင်လဲ။ မတရား သိမ်းပိုက်ခဲ့ ရတဲ့ ငါ့ ချစ်သူ ရဲ့ လိုအင် ကို ငါက ဖြေစည်း ပေးဖို့ ကြိုးစားခဲ့ရုံ ပဲ စိတ်ချ အခု မင်းကို နိဂုံး ချုပ်ဖို့ ကလည်း ငုံ ဆန္ဒ ရှိနေတဲ့ အရာ ကို ငါလုပ်ပေး မှာလေ။မင်း အတွက် ငုံကို ထိခိုက်အောင် ငါ လုံး၀ မလုပ်ဘူး ။ "

အဲဒီ လို ထိခိုက်သွားတာထက် နာကျင်ရမဲ့ စိတ်ဒဏ်ရာ ကို ပေးမှာ ဇိုး ။

တစ်ခုခု ပြောဖို့ ပြင်လိုက်ပင်မဲ့ နောက်က တုတ်နဲ့ ပြေး၀င်လာတဲ့ အရိပ်ကြောင့် ခေါင်း ငုတ်ရှောင် လိုက်ပီး ဟန်ချက် လွှဲသွားသော တစ်ဖက်လူကို လှည့် ကန်ပစ်လိုက်သည်။

"သူ အခု ဘယ်မှာလဲ"

လှမ်းမေး လိုက်သော်လည်း ကိုယ့်ရှိရောက်လာသော တုတ်ချက်များကို ရှောင်ရှားနေရင်း လူကို မထိသေးသောလဲ လှုပ်ရှားမှု များလာသော ဒဏ်ရာ က နာကျင်ခြင်းသို့ ရောက်လို့။

"အရမ်းကို ပျော်ရွှင်ပီး အေးဆေးတဲ့ နေရာမှာ ကျေကျေ နပ်နပ်နဲ့ မင်းရဲ့ နောက်ဆုံး ထွက်သက် ကို ကြားရဖို့ မျှော်လင့် နေမှာပေါ့"

My husband is mafia Where stories live. Discover now