Part 17

1.3K 20 0
                                    

My husband is mefia
Part 17

ကား မတော်တဆ မှု မှာ လမ်းကြောင်းမှား ပြီး တစ်ဖက် ကားလမ်း ပေါ် လမ်းကြောင်း ပြောင်းပြန် မောင်း၀င်လာတဲ့ ကားက ကောင်လေး နဲ့ ကောင်မလေး မှာ ကောင်လေး ကတော့ ဦးခေါင်း ကို ထိခိုက်သွားပီး နံရိုး ၄ ချောင်း ကျိုး သွားတဲ့ ခွဲစိတ်မှု အကျိုး ဆက် မှာ တစ်လကျော်ကြာပီး နောက်ပိုင်း အတိတ်မေ့ သွား သည့် ဝေဒနာ ကို ခံစားနေရသည်။ ကောင်မလေး ကတော့ ကြီးကြီးမားမား ဒဏ်ရာ မရရှိခဲ့ပါ။

တစ်ဖက် ကား မှာ တော့ သုံးဦး စီးခဲ့ရာ နှစ်ဦး မှာ အနည်းငယ်သာ ဒဏ်ရာ ရပီး မောင်းသူ သာ ပွဲခြင်း ပီး ဆုံးပါး သွားခဲ့ တာဖြစ်သည်။

မျက်လုံး နှစ်လုံး ပွင့်လျှင် ပွင့်လာချင်း ကိုကြီး နှင့် မေကြီး ကို မြင်လိုက်ရ လေသည်။

"ညီမလေး ငုံလေး သတိရလာ ပြီလား"

"ကို..ကိုကြီး ကိုကို ... ကိုကို ရော ဟင်"

မေယွန်း အမေး ကို ကိုကြီး က မျက်မှောင်တစ်ချက် ကျုံ့ကာ ခပ်ဆတ်ဆတ် ပြန်မေး လာသည်။

"ကိုကို ဆိုတာ ဘယ်သူ့ ကို မေး တာလဲ ငုံလေး"

"အာ... ကိုကြီး ကလည်း ဇိုး ...ဇိုး ကို မေး တာ ပါ၊ သူ ...သူ ဘာ ဖြစ်သွား သေးလဲ ဟင်၊ သူ ဘာမှ တော့ မဖြစ်ဘူး မို့လား ဟင် ကိုကြီး၊ မေ... မေယွန်း သူ ဒဏ်ရာ ရ သွား တာ ကိုသိတယ်"

"ကိုဇိုး ရှိပါတယ် "

"ဟင်... သူ ဘာလို့ မေယွန်း ဆီ မလာ တာ လဲ ၊ သူ... သူ မေယွန်း ကို မတွေ့ ချင် တော့လို့လား "

"မဟုတ် ပါဘူး ညီမလေး ရာ "

"အခု... အခု သူ့ ဆီ ခေါ်သွား ပေး ပါ ၊ ကိုကြီး.. မေကြီး မေယွန်း ကို သူ့ ဆီခေါ်သွား ပေး ပါ "

ကိုကြီး က အသာ ခေါင်းညိတ် ပြ ပြီး မေကြီး ကတော့ မေယွန်း ကို ကြည့် ကာ အသံတိတ် ငို နေခဲ့ပါသည်။

@@@@@@@@@@@@@@@@

မေယွန်း ကိုကို နဲ့ တစ်ချိန်က အတူ ရှိဖူး တဲ့ အိမ် ကြီး ဆီ ရောက်လာတော့ ကိုကို ဆီ အလောတကြီး ပြေး ဝင်ကာ ကိုကို ကိုယ် ရှာ မိသည်။

မှောင်ပိတ် နေတဲ့ အေးစက်စက် အခန်း ကျယ်ထဲ လူ တစ်ယောက်ဟာ လိုက်ကာ နောက်မှ အပြင် ဘက် မြင်ကွင်းတွေ ကို ငေးကြည့် နေ ခဲ့ သည်။

My husband is mafia Where stories live. Discover now