Part 8

1.3K 27 0
                                    

My husband is mafia
အ ပိုင်း ( ၈ )

"မဆိုင်တာ မေကြီးရာ"

"ဘာလို့ မဆိုင်ရမလဲ ။ ညည်းသာ ပြန်ချင် ပြန်လာလို့ ရတယ် ညည်း တမင်တကာ လုပ်တာ ငါ သိပီးသား ညည်းကိုမွေးထားတဲ့ အမေပါ မေယွန်းရယ်"

မေယွန်းဟာ မှန်နေသော ကြောင့် ဘာမှ မပြောသာချေ။

"မောင်ဇိုး ကို ဘယ်လောက်အား နာဖို့ ကောင်းလိုက်လဲ သူခဗျာ ပြန်လာနိုး လာနိုး နဲ့ ထိုင်စောင့်နေရှာတာ "

အားနာ ဖို့ ကောင်းရင် လဲသေခိုင်း လိုက်ပေါ့ မေကြီးရယ်။စိတ်ထဲက ပြောနေပေမဲ့ ပါးစပ်ကတော့ ထွက်မလာချေ။

"အေး.... ညည်း တစ်နေ့ အိမ်ထောင်ပြု ရမှာ ပဲ အဲကြ မောင်ဇိုး ကို ရွေးဖို့ စဉ်းစားထား"

"အဓိပ္ပါယ် မရှိတာ  မေကြီးရာ "

"ဘာလို့ အဓိပ္ပါယ် မရှိရ မှာလဲ မေယွန်း မောင်ဇိုး ဟာ ညည်း ငြင်း လောက်တဲ့ အချက် ဘာရှိလို့လဲ"

"ဟာ....မေကြီး ကလည်း မေယွန်း ယောက်ျား မယူချင်သေး ပါဘူး ဒီအတိုင်း လေး နေချင်သေးတယ် ကိုကြီး ပြောပါအုံး"

မေယွန်းဟာ မေကြီး ကို ကိုယ်တစ်ယောက် တည်း ပြောဖို့ရာ မနိုင်တော့မှန်း သိသော ကြောင့် ကိုကြီး ကို စစ်ကူ တောင်း လိုက်မိသည်။

"ကိုကြီး ကတော့ ညီမလေး သဘော ဆိုပေမဲ့ ကိုဇိုး ကိုလည်း မငြင်းသင့်ဘူး လို့ ထင်တယ် ....ငါ့ ညီမလေး က ကလေး မဟုတ်တော့ဘူး တစ်ဖက်က ကိုဇိုး ကလည်း ကိုကြီး တီးမိခေါက်မိ သလောက် ညီမလေး အပေါ် အတော် စွဲလမ်း ရှာပါတယ်"

"ဟာ....ကိုကြီးကလည်း သူ့ စစ်ကူ တောင်းပါတယ်ဆို ရေနစ်သူ ဝါးကူးထိုး နေပြန်ပါပီ စိတ်လေပါတယ်ကွာ"

"ဘာမှ စိတ်လေ မနေနဲ့ မေယွန်း ညည်း မောင်ဇိုး ကို နေရာတစ်နေရာ တော့ ပေးထားပါ စကားပြောတာလည်း စည်းလွတ်ဝါးလွတ် နဲ့ ရမ်းကား လွန်းတယ်"

"ဟင်....မေကြီးက မေယွန်း ရိုင်းတာ ပဲမြင်တာကို အဲ့ လူကြီး ရိုင်းတာကျ မမြင်မှ မမြင်တာ မြင်အောင်မှ မကြည့်ကြတာ"

"မြင်အောင် မကြည့်တာ မဟုတ်ဘူး ညည်း ကိုက ဆတ်ဆတ်ထိ မခံဖြစ်နေတာ လူပျို ယောက်ျားလေးက အပျိုမိန်းကလေး ကို ကြည့်တာ ဒါ တော်တော် ရိုင်း တဲ့ လုပ်ရပ်ကြီးကိုး"

My husband is mafia Where stories live. Discover now