တိတ်ဆိတ်နေ သော အခန်းထဲဝယ် ဝန်ဘင်း ငြိမ်သက်စွာထိုင်နေမိသည်။အနားမှာလဲ လွှတ်ပစ်ထားသည့် သံစဉ်စာရွက်တွေကရှုပ်ဖွနေပေ၏။စိတ် ပေါက်ပေါက်နှင့် လုံးချေထားသည့် ဆွဲလက်စ ပန်းချီစာရွက်တွေက တောင်တစ်ခု မြောက်တစ်ခု ပြန့်ကြဲ့နေ လေသည်။မိမိလက်ထဲက ကိုင်ထားသည့် ဂီတာကို ဦးတည်ရာမဲ့ စွာကြမ်းပြင်ပေါ်သို့ ပစ်ချလိုက်၏။ဖွင့်ဖတ်လက်စ ဒိုင်ယာရီစာအုပ်သည်လည်း ကြမ်းပြင်ပေါ် မှောက်လျက်လေးရှိနေပေသည်။
မိမိချစ်မြတ်နိုးသည့်အရာကိုပစ်ချရတာကနာကျင်ရသော်လည်း မမှတ်မိတော့သည့် မျက်နှာကို ပုံဖော်ရတာကပိုနာကျင်ရပေ၏။အထူးသဖြင့်အမည်မတပ်နိုင်သည့် နာကျည်းမှုတွေပြည့်နှက်နေသည့် မျက်ဝန်းတစ်စုံမှလွဲ သူ့နှင့်ပတ်သတ်သမျှမှတ်မိတာရှားလှပေသည်။တစ်ခါတစ်လေမှ မှတ်မိသော အိပ်မက်အပိုင်းအစတွေက သူ့ဘယ်သူမှန်း မှတ်မိလောက်အောင် သဲလွန်စပင် မရရှိခဲ့ပေ။အချစ်ခံရလိုက် အမုန်းခံရလိုက် နှင့် အိပ်မက်ကမ္ဘာထဲ လမ်းပျောက်နေခဲ့ရသည်မှာ ကြာလေပြီ။
ညိုးငယ်နေသည့်မျက်ဝန်းတစ်စုံ ၊မျက်ရည်ဝဲ နေသည့် နာကျည်းမှုအပြည့် နှင့် ကြည့်နေသောထိုလူ၏အကြည့်ကို ဝန်ဘင်း ဒီတစ်သက်မမေ့ ရက်နိုင်ပေ။သို့သော်လည်း အိပ်မက်ကလန့်နိုးလာသည်နှင့် ထိုသူ၏မျက်နှာကို မမှတ်မိတော့ပေ။ကျောခိုင်းထွက်သွား သော ပုံရိပ်လေးသည် မိမိအသိစိတ်မှာရော မသိစိတ်ထဲမှာရော အမြဲနေရာယူခဲ့ပေသည်။လန့်နိုးလာချိန်တိုင်း မိမိနှလုံးသားထဲက အဆက်မပြတ်နာကျင်ရပြီး မျက်ရည်စီးကြောင်းများက ပါးပေါ်မှာအမှတ်တရ ထင်ကျန်ရစ်ပေ၏။
အမြဲလိုလိုမက်သည့် အိပ်မက်တွေကထပ်တူညီခဲ့သော်လည်း ဝန်ဘင်းမှာ ဒိုင်ယာရီထဲ ချရေးယုံအပြင် မတတ်နိုင်ခဲ့ပေ။အပြင်မှာလိုက်ရှာရအောင်လည်း နာမည်ပင်မသိရပေ။နှာခေါင်းထဲယဉ်နေသည့် သူ့ကိုယ်သင်းနံ့လေးကိုသာ ဝန်ဘင်းအမှတ်ရမိနေပေသည်။နမ်းခဲ့ဖူးသည့် နှုတ်ခမ်းကိုသာ ထပ်ခါတလဲလဲစွဲလမ်းမိ၏။ထားရစ်ခဲ့သူကို မထားရစ်ခဲ့ဖို့သာ လှမ်းခေါ်ရင်း အိပ်မက်ကလန့်နိုးလာရသည်မှာ အခေါက်ပေါင်းမနည်းတော့ပေ။အိပ်မက်ကလန့်နိုးလာ တိုင်းမှာ ပွေ့ဖက်ချင်သည့် ကိုယ်လေးကို လွမ်းဆွတ်သတိရမိစိတ်က အမြဲတမ်းသာ စိုးမိုးနေပေ၏။
![](https://img.wattpad.com/cover/363440561-288-k60952.jpg)