" အခုတော့ တစ်ယောက်တည်းတောင် စကားပြောနေတတ်ပြီပဲ "
ရုတ်တရက်ကြီးထွက်ပေါ်လာသော ဩရှရှ အသံကြောင့် မသိစိတ်အလိုရ ဂယောင်ဆူး ကျောပင်မတ်သွားမိ၏။တီးလက်စတယောကိုအောက်ချမိလိုက်ပြီး မိမိဆီကို ဖြည်းဖြည်းချင်း လျှောက်လှမ်းလာ သော ဦးကို မျက်တောင်မခတ်တမ်းငေးကြည့်မိသွား လေသည်။ယောင်းလေးကိုsymphonyတေးသွားနှင့်ပတ်သတ်သည့် အကြောင်းရှင်းပြပေးနေစဉ် ဦးရဲ့အသံက ရုတ်တရက်ကြီး ထွက်ပေါ်လာခဲ့ခြင်း ဖြစ်ပေသည်။
"ကျွန်တော်.. ကျွန်တော်က ဒီအတိုင်း သီချင်းစာသားကို တိုးဖွဖွ ညည်းနေမိရုံလေးကို ။ဘယ်ကနေ ဘယ်လို ဦးက လမ်းမှားပြီး ဒီကိုရောက်လာရတာလဲ "
ဂယောင်ဆူး ရုတ်တရက်ကြီး လိမ်လိုက်ရသော်လည်း ဦးရဲ့မျက်နှာကခါတိုင်းထက်တည်ငြိမ်နေ တာကို သတိထားမိ ပေသည်။စူးစိုက်ကြည့်နေသည့် ဦးရဲ့ အကြည့်များ ကြောင့် ဂယောင်ဆူး ပင် စိတ်ထဲ တစ်မျိုး ဖြစ်လာမိ၏။ဂယောင်ဆူးတစ်ကိုယ်လုံးအထက်အောက်စုန်ချည်ဆန်ချည် အထပ်ထပ် စစ်ဆေးခံလိုက်ရသကဲ့သို့ စိတ်ထဲ၌ မရိုးမရွခံစားလိုက်ရ ပေသည်။
ယောင်းလေးရဲ့တည်ရှိမှုက ဘယ်သူမှမမြင်ရတာမို့ ဂယောင်ဆူး အနေ ဖြင့် စိတ်မပူမိသော်လည်း ဦးကအထင်အမြင်လွဲပြီး မိမိကို အရူးလို့ အမြင်ခံလိုက်ရမှာကိုလည်း ဂယောင်ဆူး အနေဖြင့် မလိုချင်မိပေ။မတွေ့ရတာကြာလို့လားမသိ ဦးကဆံပင်လေးတွေပင်ပိုရှည်လာပေသည်။နှာတံပေါ်ကမဲ့နက်ကလေးကလည်း ထင်းထွက်နေပေ၏။
" မင်း ....သက်သာသွားပြီလား "
ရုတ်တရက်ကြီးထမေးလာသည်က ကျန်းမာရေးအကြောင်းမို့ ဂယောင်ဆူးရင်ထဲပူပန်နေမှုတစ်ချို့ ကျဆင်းသွားလေသည်။သို့သော်လည်း တစ်ခေါက်လေးတောင်လာမရှာခဲ့သော ဦးအကြောင်းကို တွေးမိလိုက်သည်နှင့် ဂယောင်ဆူးရင်ထဲစူးခနဲအောင့်သွားမိ ပေ၏။အခုမှလာပြီး ဂရုစိုက်ပေးနေလည်း တကယ်ကိုအပေါ်ယံတွေချည်းဆိုတာ ဂယောင်ဆူးစိတ်ထဲအလိုလိုသိနေပြီဖြစ်ပေသည်။
![](https://img.wattpad.com/cover/363440561-288-k60952.jpg)