"ငယ်လေး အတန်းချိန်ပြီးတာနဲ့ အိမ်တန်းပြန်လာနော် ။အခုတလော ဘာဖြစ်နေလဲမသိဘူး။ငါအိပ်မက်တွေမကောင်းဘူး "ဂယောင်ဆူး အစ်မဖြစ်သူ လှမ်းပေးလာသည့် ကျောပိုးအိတ်ကိုလှမ်းယူလိုက်ပြီး ခေါင်းကိုအထပ်ထပ်အခါခါညိတ်ပြလိုက်သည်။ဒါတောင်အစ်မဖြစ်သူကစိတ်ချပုံမရသေးပေ။ပုံမှန်ဖြစ်နေသည်မို့ ဂယောင်ဆူးလည်း
ပြန်ခံမပြော တော့ဘဲ စက်ဘီးကိုသာ
လေရှိမရှိ အရင်စမ်းသပ်လိုက်မိသည်။ဒေါက်ထောက်ထားသည့်စက်ဘီးကိုဒေါက်ဖြုတ်လိုက်ပြီး အခုထိမမောတမ်းအမှာခြွေနေသော အစ်မဖြစ်သူကို မျက်နှာညိုးငယ်စွာမော့ကြည့်မိလိုက်ပေသည်။"မမ ငါကတက္ကသိုလ် နောက်ဆုံးနှစ်ကျောင်းသားကြီးဖြစ်နေပြီ။သူများတွေဆို ပထမနှစ်ကတည်းကအဆောင်နေပြီးလွတ်လွတ်လပ်လပ်နေရတာ ။ငါ့ကယောကျာ်းလေးပါ အားလုံးကိုလိုက်
စိတ်ပူမနေနဲ့
တော့ "ဂယောင်ဆူးပြောလိုက်ပြန်တော့လည်း အစ်မဆီက သက်ပြင်းချသံတိုးတိုးကိုကြားလိုက်ရလေသည်။
အရွယ်ရောက်လာပြီမို့ မောင်ဖြစ်သူက လူငယ်သဘာဝ လွတ်လွတ်လပ်လပ်နေချင်တာကို ဟယ်ရာသိပေသည်။သို့သော်လည်း ဒီကလေးက နှလုံးရောဂါအခံရှိသည့်အပြင် ချူချာသေးသည်။အခုလည်း ဆိုင်ကယ်ရှိတာတောင် စီးတဲ့သူသိပ်မရှိလို့ဆိုပြီး စက်ဘီးနဲ့သာကျောင်းသွားပေသည်။သူကသာကျောင်းသွားရရင်စိတ်ကြည်နေပေမဲ့ အိမ်ကမိသားစုကတော့ သူပြန်မလာမချင်း စိတ်ပူနေရတာဖြစ်ပေသည်။ဘယ်အချိန်များရောဂါထဖောက်မလဲ စိုးရိမ်နေရတာဖြစ်သည်။
"မမတောင်းပန်ပါတယ်။အခုတလော အိပ်မက်တွေကမကောင်းတော့ ဂျောင်လေးကို တအားစိတ်ပူနေမိတာ။ဆူနေတာမဟုတ်ဘူး။ဂျောင်လေး မမကိုစိတ်မဆိုးပါနဲ့နော်။မမမှာ ဒီကလေးလေးပဲရှိတာကို "
ဟယ်ရာမျက်ဝန်းတွေကသိသိသာသာမျက်ရည်ဝဲလာ၏။ဟယ်ရာမှာမိသားစုဆရာဝန်က မောင်ဖြစ်သူကို အချိန်မရွေးတစ်ခုခုဖြစ်သွားနိုင်သည်ဟုပြောတုန်းကဆို အရုပ်ကြိုးပျက်မတတ်ခံစားခဲ့ရပေသည်။အမေနဲ့အဖေကနိုင်ငံခြားမှာဆေးကုချင်ပေမဲ့ ဂျောင်လေးကမသွားချင်ဘူးဟုဆိုကာ ပေတေနေပေသည်။သူ့စိတ်ညစ်အောင်လုပ်လို့လည်းမဖြစ်ပေ။သူ့စိတ်အတတ်အကျပေါ်မူတည်ပြီး ရောဂါကထဖောက်လာနိုင်လို့ပင်။မိမိ၏မောင်လေးကဘယ်အချိန်နှုတ်ဆက်သွားမလဲ မသိနိုင်တာမို့ ဂယောင်ဆူးကသာဒီအိမ်၏အခရာဖြစ်ပြီး တစ်အိမ်လုံးကဖူးဖူးမှုတ်မတတ်အလိုလိုက်ကာအရိပ်တကြည့်ကြည့်ဖြစ်နေကြပေ၏။