" ဟေး......ဝန်ဘင်း ....."ကားထဲကထွက်ထွက်ချင်း နာမည်ခေါ်သံကြားရသောကြောင့် ဝန်ဘင်း ကျောပိုးအိတ်ကို တစ်စောင်းလွယ်လိုက်ကာလှည့်ကြည့် မိ လိုက်ပေ၏။အပြေးလေးလာနေသော Taroကလက်ဟန်ပြကာ အမြန်ပြေးလာလေသည်။အမောတကောဖြင့် ပြေးလာသူအား
ဝန်ဘင်းပြုံးကာကြည့်လိုက်မိပေ၏။ကြည့်ရတာ Taroလည်း မနက်ပိုင်းအတန်းချိန်ပြေးသည့်ပုံပေါ်လေသည်။"ဘယ်လိုတွေဖြစ်ပြီး အသည်းအသန်တွေ ဖြစ်နေရတာလဲ "
အနားရောက်ရောက်ချင်း ဆီးကာမေးလာသော
ဝန်ဘင်းအမေးစကားကြောင့် Taroကမျက်ခုံးပင့်ကာ ခေါင်းခါပြလာပေ၏။ကားထဲကိုလည်း တစ်ချက်လှမ်းကြည့်လိုက်ကာ ဘေးပတ်ဝန်းကျင်ကိုလည်း သေချာအောင် Taro ရှာကြည့်မိလိုက် လေသည်။"မင်းအနားမှာ ဂျူဂယောင်းမရှိတဲ့အချိန်က ရွှေထက်ရှားတယ်လေကွာ ။အခုသူ့မပါတာသေချာလို့ မင်းကိုလှမ်းခေါ်လိုက်တာ ။ငါ မင်းကို မေးစရာ တွေရှိတယ် "
ဝန်ဘင်းလဲဘလူးတုလ်နားကြပ်လေးကိုနားမှာတပ်လိုက်ကာ Taroနှင့်အတူ ကားပါကင်မှ ထွက်လာလိုက်ပေသည်။ မဆီမဆိုင်နှင့် မနေ့ကမှ ပြန် တွေ့ရသော အန်တွန်ကို ဖြတ်ခနဲ သတိရမိသွား၏။ဒီအချိန်ဆို ပထမနှစ်တွေ မနက်ပိုင်းအတန်းချိန်ကိုတတ်နေရလောက်ပေသည်။ဝန်ဘင်း နာရီကို တစ်ချက်ငုံ့ကြည့်မိတော့ မနက်၁၀နာရီကျော်နေပေပြီ။သေချာပေါက်
ဆောင်ချန်းနှင့် အန်တွန်တို့ မနက်ပိုင်းအတန်း
တစ်ချိန်တောင်တတ်ပြီးသွားလောက်လေပြီ။"ဘာမေးစရာရှိလို့လဲ "
ဝန်ဘင်း မိမိဘေးနားရှိ Taroကို လှည့်ကြည့်ကာမေးလိုက်မိပေသည်။Taroကဝန်ဘင်းပုခုံးကို လှမ်းဖက်လိုက်ကာ မျက်နှာကိုအနီးကပ်ကြည့်လာ၏။သူ့ ပုံစံကြည့်ရတာ ဝန်ဘင်းဆီကတစ်ခုခုကို အတော်သိချင်နေသည့် ပုံပေါ်လေသည်။
"မင်း အိပ်မက်ကိစ္စလေ တစ်ခုခုထူးခြားတာမရှိဘူးလား ။မင်းငါ့ကို ဖုန်းဆက်ပြီးကတည်းက ခြေလှမ်းတွေများနေတယ်နော် မင်းမနေ့ကလည်း ခေါင်းကိုက်တယ်ဆိုပြီး ပြန်သွားတယ်လို့ ငါ့ကို နာဘီပြောတယ် "