"ဟေ့ယောင် မင်းလာသေးတယ် နော် ....ငါကမင်းသေသွားပြီတောင်ထင်နေတာ"
*ဘုတ်*
အသံထက်အရင် ဝက်အရုပ်လေးကတံခါးဝဆီဝဲပျံလာပေ၏။အန်တွန်ရှောင်လိုက်သော်လည်း နောက်ကျသွားပြီမို့ အရုပ်ကအန်တွန်ဗိုက်ပေါ်ကျရောက်လာပေသည်။ခါးထောက်ကာရပ်ကြည့်နေသော ဆောင်းချန်းကို အန်တွန်စိတ်ထဲကနေ ဆဲလိုက်မိ၏။သူလည်းဖြစ်နိုင်ရင် အစောကတည်းကလာပြီးကူရှင်း ပေးချင်သည်။
သို့ သော်လည်း ကိုကြီးဂျွန်က မယုံတာကြောင့် အချိန်ကပိုကြာသွားခြင်းဖြစ် ပေ၏။ပြုတ်ကျသွားသောအရုပ်ဝက်လေးကို ကောက်ယူလိုက်ပြီး သူ့ဆီပြန်ပစ်ပေးလိုက်ကာ ဘေးနားမှာပုံချထားသောနံရံကပ်စက္ကူလိပ်တွေကို တစ်ချက်ကြည့်လိုက်မိသည်။
"ကိုကြီး ဂျွန်ကအခုတလော ငါ့ကိုအရင်ကထက်စောင့်ကြည့်နေတာ မင်းဆီလာတာတောင်သူ့မယုံ လို့ အပေါက်ဝထိလိုက်ပို့ခဲ့တာအရူးရ။ ပြီးတော့ ငါပြောပါဦးမယ် မင်းကဘယ်လိုလုပ်ပြီးအဲ့လောက်အသည်းအသန်ဖြစ်နေတာလဲ ဟမ်။ေဂျာင်ဆောင်းချန်းမပီသလိုက်တာ "
နံရံကပ်စက္ကူတွေကို ကူဖြန့်ကာအခုထိမတ်တပ်ရပ်နေသေးသော ဆောင်းချန်းကို အန်တွန် စောင်ကြည့်လိုက်၏။
ထို့အခါမှ မလုပ်ချင်မကိုင်ချင် သောမျက်နှာနှင့် ဆောင်းချန်းကမိမိဆီလျှောက်လာလေသည်။ပြီးမှမိမိလက်ထဲက စက္ကူလိပ်တွေကို အတင်းပြန်ယူသွားလေ၏။
"အခုမှ ရောက်လာပြီး ပေါက်ကရတွေလျှောက်ကိုင်မနေနဲ့။ အဲ့တာတွေကဟိုရက်ကတည်းကကပ်ပြီးသား အဲ့ပစ္စည်းတွေကိုမသိမ်းရသေးလို့ ။"
ဆောင်းချန်း၏မျက်နှာကစူပုတ် နေသော်လည်း လက်ထဲကနံရံကပ်စက္ကူတွေပါသေချာပြန်လိပ်ကာ
ဆောင်းချန်းတစ် ယောက် မသွားပေ၏။သူ့ အိမ်ကအလုပ်သမားထိန်းဂင်ဆူကိုပေးလိုက်တာကို အန်တွန် တွေ့လိုက်ရပေသည်။အန်တွန်လည်း ဘာလုပ်ရမှန်းမသိ ကြောင်တောင်တောင်ဖြစ်နေသည်မို့ ခုတင်ပေါ်မှာသာငြိမ်ငြိမ်လေးထိုင်နေမိသည်။အခန်းထဲဝေ့ကြည့်မှပရိဘောဂပစ္စည်းတေွပါ အကုန်နေရာချပြီးသားမှန်းတွေ့လိုက်ရပေ၏။