ထွက်ပေါ်လာသည့်သီချင်းသံတွေကြားမှာ အန်တွန်တစ်ယောက်တည်း ယောင်ချာချာဖြစ်နေမိသည်။များစွာသောစားပွဲဝိုင်းများတွင် သက်ကြီးရွယ်အို အများစုက စုရုံးထိုင်နေကြကာ စင်ပေါ်ကအဆိုတော်၏သီချင်းသံကို လက်ခုပ်တီးတာ အားရပါးရ ဝိုင်းဆို အားပေးနေကြလေသည်။အန်တွန် ရောက်ရှိနေသော အခမ်းအနားကို တစ်ချက်ကြည့်ကာ မရင်းနှီးသော လူများစွာကို တအံတဩကြည့်လိုက်မိပေသည်။
အန်တွန်ပွဲခင်းထဲတွင် ယောင်ချာချာဖြစ်နေမိကာမိမိကသိသောသူများရှိလို့ရှိငြားအပြေးလေး လိုက်ကြည့်မိပေသည်။သို့သော်ဘယ်သူကမှ အန်တွန်ကိုမြင်တွေ့နိုင်ခြင်းမရှိဘဲ အန်တွန်တစ်ယောက်တည်းကသာ အားလုံးကိုမြင်တွေ့နေရခြင်းဖြစ်နေပေသည်။ထပ်ပြီး တစ်ခြား နေရာကို ရောက်လာခဲ့ပုံပေါ်ပေသည်။
အန်တွန် နားနှစ်ဖက်ကိုလက်ဖြင့်ပိတ်လိုက်မိပြီး ပွဲခင်းထဲရှိလျှောက်လမ်းတွင်ငုတ်တုတ်ကလေး ထိုင်ချလိုက်မိပေသည်။မျက်ဝန်းနှစ်ဖက်ကိုစုံမှိတ်ကာ အန်တွန် စိတ်ငြိမ်သွားအောင် နံပါတ်တွေကိုရေတွက်နေမိ လေသည်။မသိသည့် သူစိမ်းများအလယ်မှာ
အန်တွန်ဘယ်ကိုရှေ့ဆက်သွားရမလဲကို မသိနိုင်အောင် ဖြစ်နေမိပေသည်။"ကျွန်တော်နောက်ကျသွားလို့ တောင်းပန်ပါတယ် ။သိတဲ့အတိုင်း အူလ်ဆန်ကနေပြန်ရောက်ရောက်ချင်းလာခဲ့ပေမဲ့ ကားကလမ်းမှာ ဘီးပေါက်သွားလို့ပါ။"
ဆူညံနေသည့် သီချင်းသံ တွေကြားမှ ထိုးထွက်ကာထွက်ပေါ်လာသောဩရှရှအသံကြောင့် အန်တွန် အသိစိတ်တို့လှုပ်ခတ်သွားရပေသည်။မသိသည့်သူစိမ်းများအလယ်မှာ ကြားလိုက်ရသော ရင်းနှီးသည့် အသံကြောင့် အန်တွန် မျက်ဝန်းတို့ကို ဖြည်းဖြည်းချင်းဖွင့်ကြည့်လိုက်မိပေသည်။ကြောက်စိတ်ကြောင့် လမ်းပျောက်နေသည့် မျှော်လင့်ချက်တို့က သိချင်စိတ်ကြောင့် တစ်ဖန်လင်းလက်လာခဲ့ပေသည်။
"ရပါတယ်ယောလ်လေးရဲ့ကန့်တော့ပွဲ အခမ်းအနားကခုန လေးကမှပြီးသွားတာ။အခုမှဖျော်ဖြေပွဲတွေကစမှာ အိမ်ကအမေရော နေကောင်းတယ်မလား ။တန်းပြန်လာခိုင်းလို့ စိတ်တော့မကောင်းဖြစ်မိတယ်။သိတဲ့အတိုင်းသခ်ျာဌာနရဲ့ စုပေါင်းအလှူဆိုတော့ ရာထူးအကြီးပိုင်းတွေကမလာမဖြစ်လေ ။"