စည်းစိမ်တို့အိမ်ရောက်ပြီဖြစ်သည်
စည်းစိမ်က ခြေလှမ်းကျဲများနှင့်အရင်ထွက်သွားသည်
"သားတို့ပြန်လာပြီ ဖေကြီးရေ"
စည်းစိမ်၏အမေမှ လှမ်းပြောလိုက်သည်
[စည်းစိမ်စံ၏
အဖေ-ဦးမြင့်မြတ်စံ
အမေ-ဒေါ်နွယ်နီမြင့်စည်းစိမ်စိုး၏
အဖေ-ဦးစိုးသူရ
အမေ- ဒေါ်ယှဉ်သွယ်မိုး]မိဘတွေလဲဆုံပြီဖြစ်သည် စည်းစိမ်တို့ကိုစောင့်နေပုံရ၏
"သားတို့ မဂ်လာပွဲကို December 7 လို့သတ်မှတ်ထားတယ်နော်"
"ဟုတ်!"
စည်းစိမ်စိုးကသာဖြေလာသည် ဟိုလဒကတော့ သူနဲ့မဆိုင်သလိုပုံနှင့်
"သားတို့များရက်ပြောင်းချင်လားလို့လေ မွေးနေ့နဲ့လဲတိုက်နေတော့"
"....."
"အ့ဆိုမပြောင်းချင်ဘူးလို့သတ်မှတ်လိုက်မယ်နော်"
"ဟုတ်!"
စည်းစိမ်မှ
"အဲ့တာပဲလား ကျနော်အပေါ်တတ်တော့မယ် ဦးနဲ့ဒေါ်ဒေါ်ကိုနှုတ်ဆက်ပါတယ်နော်"
စည်းစိမ်က တစ်ခြားသူနှင့်သာဘောက်ဆက်ဆက် နေသော်လည်း အနာဂတ် ယောက္ခမ ကြီးတွေကိုတော့ ရိုသေရှာသည်
"အေးအေး သားရေ သွားနားတော့လေ"
ဒေါ်ယှဥ်သွယ်မှပြောလာခြင်းဖြစ်သည်
စည်းစိမ်စိုးက ခနအကြာတော့ အိမ်ပြန်ဖြစ်သည် မိဘများကတော့ စကားတွေပြော၍မပြီးသေးတာပင်
Date - November 30
စည်းစိမ်စိုး အိမ်ပြန်ရောက်၍ ရေမိုးချိုးပြီး အသံမြည်လာသည့် Phone ကြောင့် သဘတ်တစ်ထည်သာ ပတ်ပြီး အခန်းပြင်ထွက်လာခဲ့ရသည်
*Beloved*
ဟူသည့် contact name လေးကြောင့် ခပ်ယေးယေးလေး ပြုံးမိသေးသည်
"အင်း"
"အခုဘာလုပ်နေတာလဲ "
တစ်ဖက်က ခပ်မာမာလေးဖြစ်နေသည့်အသံက စည်းစိမ်ရဲ့ ဆွဲဆောင်မှုတစ်မျိုးမဟုတ်လား"ရေချိုးနေတာ"
"ဦးတို့က ကျုပ်အိမ်မှာ အိပ်မယ်တဲ့မေမေတို့ကလဲ ပြန်မလွှတ်တာနဲ့လေ..."