ညနေ 5နာရီမှာ စည်းစိမ်ရော ကိုစိုးပါ Company မှအိမ်ပြန်ရောက်ပြီဖြစ်သည်
"အားးး ပင်ပန်းလိုက်တာအချစ်ရာ... "
ဆိုပြီး လက်ဆွဲအိတ်ကြီး ပစ်ချကာ ကိုစိုးကို ကောက်ပွေ့ပြီး အတင်းနမ်းနေတဲ့ စည်းစိမ်ကြောင့်
"ကျစ် စည်းစိမ် ဖယ်စမ်း! ရေချိုးမလို့ပါဆို"
"တူတူချိုးမယ်လေ"
"နိုး! မချိုးနိုင်ဘူး"
"မောင်လဲ ချိုးချင်တယ်လေ"
"စည်းစိမ်! မင်းနော် ပြီးရင် ရေကောင်းကောင်းချိုးတာလဲမဟုတ်ဘူး မနက်ဖြန် မမ သဝဏ်တို့ရဲ့ စေ့စပ်ပွဲသွားရအုံးမှာ"
"မောင်က ရေကောင်းကောင်းချိုးပါ့မယ်"
"မင်းပြောတာ ယုံမယ့်အစား ကျားဖင်ပဲပြေးနှိုက်လိုက်မယ်"
"ကိုစိုး! ခဗျားရီးကအခုတော့ ခြံခုန်ချင်တယ်ပေါ့!"
"ဟမ်!"
"အရပ်ကတို့ရေ ဒီမှာ လင်တစ်ယောက်လုံးမတ်တပ်ကြီးရှိနေတာကို ကျားဖင်ကိုမှပြေးနှိုက်ပါအုံးမယ်တဲ့ဗျို့! ကြားလို့မှကောင်းကြသေးရဲ့လား!!"
"စည်းစိမ်!! ဘယ်လိုဖြစ်လို့ အာပြဲရီးနက်လျှောက်အော်နေတာလဲ"
"အရပ်ကတို့!!........"
"တော်ပြီ!! တူတူချိုးချင်တာမလား ရတယ်ချိုးမယ် မင်းသာဂနာငြိမ်ငြိမ်နေ!"
"ဟီး နဂိုထဲကအဲ့လိုမှပေါ့"
နှစ်ယောက်သား ရေချိုးနေတဲ့တစ်လျှောက်လုံး စည်းစိမ်က နောက်ကနေ ဟိုပွတ်ဒီပွတ်နှင့် လိုက်လုပ်နေတာကြောင့် ရေကိုခပ်သုတ်သုတ်ပဲချိုးပြီး ပြေးထွက်လာရသည်
"အချစ်ကလဲ ရေချိုးတာမြန်လိုက်တာ"
"ငါ့ကိုမြွေတစ်ကောင် ကိုက်ဖို့ချောင်းနေလို့လေ!"
"မကိုက်ပါဘူး ထိုးမှာပါ"
"စည်းစိမ်!! "
"ဗျာ... အထိုးခံချင်လို့လား"
တစ်ခါမှ လူစကားမပြောတဲ့လူကို စကားဆက်မပြောရန်ဆုံးဖြတ်လိုက်ပြီး ညအိပ်ဝတ်ဆုံ အဝါရောင်လေးလဲကာ Mac book ကိုင်ပြီး အလုပ်လုပ်နေတော့ စည်းစိမ်က ညအိပ်ဝတ်ဆုံ အနက်လေးဝတ်ပြီး computer ကြီးကိုင်ကာ မျက်မှန်ဖာကိုင်ပြီး အခန်းပြင်ထွက်သွားသည်