ထိုသူက ထွက်သွားတာတောင် စည်းစိမ်တို့ နှစ်ယောက်ကို မျက်ထောင့်နီကြီးဖြင့် ကြည့်သွားတာကြောင့် စည်းစိမ်က လက်သီးစုပ်ပြီး လက်ရွယ်မည်လုပ်တာကြောင့် ကိုစိုးက စည်းစိမ် လက်ကို ဆွဲဖမ်းလိုက်သည်
ထိုသူက အခန်းထဲမှ လုံးလုံး ပျောက်ကွယ်သွား မှ နေခတ်က ထိုင်ခုံပေါ် ခပ်ပေါ့ပေါ့ ထိုင်ချလိုက်သည်
"အဲ့တာ ဘာကောင်လဲ နေခတ်!"
စည်းစိမ်က ဒေါမော ကြီးနှင့်မေးလာသည်
"ကျစ်! စိတ်ရှုပ်စရာပါကွာ! ထားလိုက်တော့ ငါနေရာကောင်းလေးရှာတွေ့ထားတယ်"
နေခတ်က လက်ဝါး နှစ်ဖက်ကို ချိတ်လိုက်ပြီး ဆရာကြီး ပုံစံနှင့် ဟန်ပါပါပြောလာသည်
"မင်း အဝတ်မလဲတော့ဘူးလား"
"လဲမယ်လေ ငါ့ office မှာက အဝတ်လဲခန်းလဲပါတယ် ဟဲဟဲ"
"အေးပါ အရူးကို CEO ခန့်ထားမှတော့ အဲ့လိုပဲပေါ့"
"စည်းစိမ် တို့က တော့ သူများမျက်ချေးပဲမြင်တယ် သူ့မျက်ချေး ကျမမြင်ဘူး"
"မင်းရော မြင်လို့လား"
"ငါမြင်စရာမလိုဘူး မင်းက အမြဲကြည့်ပေးနေလို့လေ!"
သူငယ်ချင်းနှစ်ယောက်က စကားနိုင် လုနေတာကြောင့် ကိုစိုးက ခပ်ဖွဖွ ရယ်လိုက်သည်
"လာ မောင့်အချစ် ဒီကောင်နဲ့ ကြာကြာနေရင် ရူးတာတွေကူးကုန်မှာဆိုးလို့ အပြင်မှာသွားစောင့်မယ်"
စည်းစိမ်က ကိုစိုး လက်ကို ဆွဲပြီး ထွက်သွားသည် ကျန်ခဲ့သူက လက်ခလယ် ပျံကို ထုတ်လွှတ်နေသည်
နေခတ်က အောက်ထပ်ကို ဆင်းလာပြီး ကျန်သူတွေကို Location ပေးလိုက်ပြီး သွားကြသည်
စည်းစိမ်က ကား စီယာ တိုင်ကို လက်တစ်ဖက်ဖြင့် ထိန်းရင်း တစ်ဖက်က ကိုစိုး လက်ကို စုပ်ကိုင်ထားကာ တဖွဖွ နမ်းနေသည်။
"မောင် မင်းကို အရမ်းချစ်တယ်"
"ငါသိတယ်!"
"ချစ်တယ်ဗျာ ချစ်တယ် ချစ်တယ်!"
"မင်း.. ကပ်ချွဲပြီးဆိုးနေတာ"