"boss CEO ငွေရွက်လွှာနဲ့ တွေ့ဖို့ရှိပါတယ်"
"ဟုတ်ပြီ သွားရအောင်"
PAရိုးရာက ရှေ့ကမောင်းပြီး စည်းစိမ်က တစ်လမ်းလုံး Mac book ကိုင်ကာ အလုပ်, လုပ်လာသည်
"ရောက်ပြီ boss"
"အင်း.. "
အဆင့်မြင့် စားသောက်ဆိုင်တစ်ခုမှာ ချိန်းထားတာဖြစ်ပြီး နေရာက လူခြေတိတ်သည်
"ရောက်လာပြီပဲ"
"ကျုပ်ရောက်တာတော့ အတိအကျပါပဲ ဆိုတော့.... အားနာစရာမလိုဘူးထင်တယ်"
"ဟား.... မလိုပါဘူး မလိုပါဘူး"
"မြေယာကို ခဗျားတို့ဘက်က တာဝန်ယူလိုက် ကျုပ်က အဆောက်အအုံ ကို တာဝန်ယူတယ် "
"အလုပ်ခြင်းတူ, တူတောင် အကြောခံရတာပဲ"
(နှစ်ဖက်လုံးက construction companyတည်ထောင်ထားတာကိုမှ စည်းစိမ်ပဲ အဆောက်အအုံကို လုပ်ပြီး သူက မြေယာကိုလုပ်ရလို့ပါနော်)
ပခုံးနှစ်ဖက်နှင့်အတူ မျက်ခုံးကိုပါ မြှင့်ပြလာသည့် စည်းစိမ်က
"ကျုပ်ကိုများ နောက်ယောင်ခံနေတာလား"
"နောက်ယောင်ခံတယ်ဘယ်ခေါ်မလဲ သိချင်လွန်းလို့"
"မကြာခင် သိရမှာပေါ့"
"ဒါပေါ့ တစ်ခု, ခုမှာအုံးမလား"
"မှာတာပေါ့ "
"ဟေး ကောင်လေး ဒီကို!"
waiter တစ်ယောက်မှ မလာသည့်ဝိုင်းက ထိုလူရဲ့စနက်ဖြစ်ရမည်။ သူခေါ်ကာမှ ကောင်လေးတစ်ယောက်က အနားရောက်လာသည်
"ကိုယ့်ကို sea food ချပေး"
"Spaghetti ပေး"
ကောင်လေးအနားက ထွက်သွားမှ ငွေရွက်လွှာက
"Human mask user တစ်ယောက်ရဲ့ မျက်နှာကို မြင်ခွင့်ရလိုက်မယ်လို့ မထင်ထားဘူး"
"ရေစက်ပါလို့နေမယ်"
"အဟား သေချာတာပေါ့"
"......"
"စည်းစိမ်စိုး...... သိသွားရင်"
"သိပါစေပေါ့"
"ဘာလို့ လျှို့ဝှက်ထားတာလဲ"
"ကျုပ်အကြောင်းတွေပြောပြရအောင် ခဗျားက ကျုပ်အဖေလား"