Episode 15

535 15 0
                                    

At the airport

"အရင်က မ သဝဏ်ပြောတော့ မပြန်တော့ဘူးဆိုပြီး"

"အခုက မသွားမဖြစ်မို့ပါ ပြန်လာမှာ သိတယ်မလား

သဝဏ့်အပြောကို ကိုစိုးက ခေါင်းငြိမ့်ပြသည်

"ခက်ထန် မင်းက ဘာလိုက်လုပ်မှာလဲ"

စည်းစိမ်အမေးကို ခက်ထန်က

"ဟ! ငါ့ဇနီးနဲ့ငါ လိုက်လိုက် မလိုက်လိုက် ဘာဖြစ်လဲ"

"အားယားနေတယ်ပေါ့"

"ဖြစ်စရာလား ဇနီးလေးကို မအားတဲ့ကြားကနေ အချိန်ပေးတာ"

"လျှာရိုးမရှိတိုင်း"

"ဘယ်သူ့လျှာမှာ လျှာရိုးပါတာ မြင်ဖူးလို့လဲ!"

ဒီကောင့်အဖြေက ငွေရွက်လွှာနဲ့လဲ မတူဘူး။

[Episode 12မှာတုန်းက ကိုစိုးက ငွေရွက်လွှာကို လျှာရိုးမရှိတိုင်း ပြောနေတယ်ဆိုတော့ ငွေရွက်လွှာက နောက်မှ စတီးရိုးထည့်မယ်လို့ ဖြေတာကိုပြောတာပါ]

ခရီးသည်တွေကို ခေါ်နေပြီဖြစ်တာကြောင့် သဝဏ်တို့က မေမေတို့ သူတို့ကို နှုတ်ဆက်ပြီး သွားသည်

"ဒါဆို သားတို့လဲ ပြန်တော့မယ်"

ကိုစိုးအပြောကို ဦးမြင့်မြတ်စံတို့က ပြုံးပြပြီး ခွင့်ပြုလာသည်

"Company ကိုပဲ တန်းသွားတော့မယ်"

"ဟုတ်ပြီ မောင်ပို့ပေးမယ် အပြန်ပါ ဝင်လာကြိုမယ် စောင့်နေ"

"အွန်း "

ပါးစပ်ထဲကို cream ပါဝင်မှုနည်းသည့် ပေါင်မုန့်လေးကို ထိုးထည့်ပြီး ပြောလာကာ ပါးလေးတစ်ဖက်က ဖောင်းနေတာကြောင့် သူကအူယားပြီး ရွှတ်ကနဲ နမ်းတော့

"Hay! Be careful! "

"အူယားအောင်မလုပ်နဲ့လေ"

ဗုဒ္ဓေါ သူ့ပါသာ သူနေတာကိုများ။

စည်းစိမ်က ချစ်သူလေးကို အရင်ပို့ပေးပြီးမှ သူ့ရဲ့ Company ကိုသွားရသည်

တောင်!

zoom meeting လုပ်နေရင်း ဝင်လာတဲ့ massage အသံကြောင့် ကြည့်မိတော့

{Loki(လိုကီ)

Nine အဖွဲ့ ခေါင်းဆောင် MAN(မန်း) နဲ့တွေ့ရပါမယ် seven }

BLACK TITLEWhere stories live. Discover now