မနက်လေးနာရီလောက် ဖုန်းဝင်လာတာကြောင့် ကြည့်လိုက်တော့ စည်းစိမ်၏အမေဖြစ်သူမှဆက်ခြင်းဖြစ်သည်
"မေမေ"
"ဟယ်! သားရယ် ဘယ်တွေရောက်နေတာတုန်း ပွဲအတွက်ပြင်ရမယ်လေ "
"ဟုတ်ပြီ မေမေ သားတို့အခုလာခဲ့မယ် Valley မှာ"
"အေးအေး မြန်မြန်လာကျ သားစိုး ရောလား"
"ဟုတ်တယ် မေမေ့ သူ ကျနော့်... ရင်ခွင်ထဲမှာ"
"ကယ်! ဒီကောင်လေး"
"အ့ဆို ဒါပဲနော် မေ့"
"အေး သား"
ဖုန်းချလိုက်ပြီး ရင်ခွင်ထဲကလူကိုနှိုးရန်ပြင်လိုက်သည်
"ကိုစိုး ကိုစိုး ထတော့ဗျ"
"အွင်း ကျွတ်"
"အရမ်းနာနေလား"
"ခွေးကောင်!"
"Wedding အတွက် ပြင်ဆင်ရမယ်တဲ့ မေမေ လှမ်းခေါ်တယ်"
"ဘယ်လိုလုပ်မလဲ မင်းကြောင့်! ငါလမ်းမလျှောက်နိုင်တော့ဘူး"
"ကျုပ် ချီမယ်!"
"ဘာရယ်! Wedding ကို မင်း နောက်စရာထင်နေလား"
"ခဗျားမှ မလျှောက်နိုင်တာ"
"ဘယ်သူလုပ်တာလဲ!"
"လုပ်ပါဗျာ! ကျုပ်ပြောသလိုသာ လိုက်လုပ်"
"ကျစ်!"
"အခု မျက်နှာသစ်ရအောင်"
"အင်း!"
"ဒါနဲ့! ကျုပ်ခဗျားကို စိတ်ဆိုးတယ်နော်!"
ပြောပြီး နှုတ်ခမ်းထော်သွားတာကြောင့်
"ဟမ်! ငါက စိတ်ဆိုးရမှာမဟုတ်ဘူးလား"
"ခဗျားက မကောင်းတဲ့လူ ကိုစိုး!"
"မင်းရူးသွားပြီလား"
"သစ္စာမရှိတဲ့သူ!"
"ဘာရယ်"
"အခု ချီပြီးပို့ပေးမယ် ညကျမှ ဆက်ပြောမယ်!"
"ညကျရင် ငါမင်းနဲ့မတွေ့ချင်ဘူး"
"ကျုပ် တေ့ ချင် အဲလေ တွေ့ချင်တယ်!"
စည်းစိမ်ကို မျက်စောင်းတစ်ချက်ထိုးလိုက်ပြီး ချီရန်အမူအရာပြတော့ ကောင်လေးကမဲ့ရွဲ့ပြီး
![](https://img.wattpad.com/cover/364750219-288-k909636.jpg)