"စည်းစိမ်... "
စည်းစိမ်နဲ့ ကိုစိုးက အိမ်ရှေ့ ဝရန်တာမှာ ထွက်ထိုင်နေကြပြီး ကိုစိုးကို စည်းစိမ်ရင်ခွင်ထဲ ထည့်ထားကာ ဆံသား ပျော့ပျော့တို့ကို နမ်းရှိုက်ရင်း ထူးသည်။
"ပြောလေ "
"ငါတို့က ဒီအတိုင်း ငြိမ်းချမ်းသွားနိုင်လားဟင်"
"မောင်တို့အပေါ်မှာပဲ မူတည်တယ် မောင်တို့က ငြိမ်းချမ်းချင်ရင် ငြိမ်းချမ်းလိမ့်မယ် ပူလောင်ချင်ရင် ပူလောင်လိမ့်မယ် "
"ကံကြမ္မာ ဆိုတာကရော မောင်"
"မောင်တရားသဘောကို အရမ်း နားမလည်ပေမယ့် ကံကံ၏အကျိုး ဆိုသလိုပေါ့ မောင်တို့ ကောင်းတာလုပ်ရင် ကောင်းတာဖြစ်မှာပဲလေ"
"မောင်ကပြောတတ်လိုက်တာ "
"မောင် မင်းကိုချစ်တဲ့အကြောင်းတွေကို လူတိုင်းသိဖို့ထက် မင်းကိုပဲပိုသိစေချင်တယ် "
"ငါကလည်း လူတိုင်းထက်ပိုသိပါတယ် မောင်။ "
"ကျုပ်ခဗျားကို ချစ်လိုက်တာဆိုတာ... "
"ငါလဲ မောင့်ကို ချစ်တာပဲ"
"ဒါနဲ့ ကျုပ်ပြောစရာရှိတယ်"
"အင်း!"
"ဟိုတစ်နေ့ကလေ နေခတ် Company သွားတုန်းက တွေ့တဲ့ ငွေရွက်လွှာဆိုတာလေ Mafia လို့သတင်းရတယ်"
"ဟမ်!"
"အဲ့တာကြောင့် နေခတ်ကို သတိပေးသင့်တယ်လို့ထင်တာပဲ"
"ပေးသင့်တယ်! သူက ဘာလို့ Mafia ဆိုပြီး Business man လိုနေတာလဲ"
"အသွင်ယူတာပေါ့ တစ်ဖက်လှည့်နဲ့ စီးပွားရေးလုပ်တာပါပဲ.... ဘာလို့ မျက်လုံးတွေက စူးရှပြီး စိတ်ဝင်စားပုံပေါ်နေတာလဲ!"
"ဟမ်!"
"မောင် မကြိုက်ဘူးနော်!"
"ဘာလဲ မောင်ရယ်...."
"မောင့်ထက် တစ်ခြားသူကို ပိုပြီးစိတ်ဝင်စားနေတာ"
"မဟုတ်တာ မောင်ရယ် ဒီအထဲက အရာလေးတစ်ခုရဲ့ အောက်ခြေကနေစပြီး ဆုံးတဲ့အထိ မောင်ပဲရှိတာပါ"
ကိုစိုးက ဘယ်ဘက်ရင်အုံလေးကို လက်ညှိုးလေးနှင့် ထိုးပြီး ပြောလာသည်။
![](https://img.wattpad.com/cover/364750219-288-k909636.jpg)