UNICODE......
ဂိုရောတပ်မကြီးသည် တောင်ဘက်ကုန်းတွင် ရောက်ရှိနေပြီး ဂျွန်တပ်မကြီးသည် မြောက်ဘက်တောင်ကုန်းတွင် ရောက်ရှိနေသည်။နောက်ဆုံးတော့ နှစ်ဦးသား ထိပ်တိုက်တွေ့ကြလေပြီ။
"ဂိုရောဘက်က လူနည်းတယ် အကို ။ ကျွန်တော်တို့ နိုင် နိုင်....."
အာဂတ်စ်၏ စကားတောင်မဆုံးသေး သူတို့တပ်မကြီး ရှိနေရာဘေးပတ်ပတ်လည်တွင် ဂိုရောတပ်မကြီးက ဝိုင်းထားနှင့်နေပြီ။ ခုဆို ဂျွန်တပ်မကြီးသည် ဂိုရောတပ်မကြီး၏ အလည်တွင် ရောက်လို့သွားလေသည် ။ တပ်ဆုတ်၍လည်းမရတော့ ။ အင်အားမျှသည်ဖြစ်စေ မမျှသည်ဖြစ်စေ ဝင်တိုက်ရုံသာ ရှိတော့သည် ။
"ဂျွန်က နိုင်ကိုနိုင်စေရမယ်....."
ဂျွန်ဘုရင်၏ အော်သံအဆုံး ဂျွန်တပ်စုသည် သူတို့ကို ပတ်ချလည် ဝိုင်းထားသော ဂိုရောတပ်ကို စတင်ကာ တိုက်ခိုက်လေသည် ။သူတို့တိုက်ခိုက်နေစဉ်အတွင်းမှာပင် တစ်ဖက်တောင်ကုန်းတွင်ရှိနေသော ဂိုရောတပ်စုကြီးသည် မြောက်မြားစွာသော ပုရွတ်ဆိတ်အုံတွေအလား သူတို့ရှိရာသို့ ဆင်းသက်လာလေတော့သည် ။
"ဂိုရောရဲ့ အင်အားက ကျွန်တော်တို့တပ်စုရဲ့ ငါးစလောက်ရှိတယ် အကို...."
တိုက်ခိုက်နေရင်းမှ အာဂတ်စ် လှမ်းပြောလိုက်သည် ။ဂျွန်ဘုရင်သည်လည်း ခေါင်းငြိမ့်ပြပြီး ရန်သူတွေကို အင်တိုက်အားတိုက်ဖြင့် တိုက်ခိုက်ချေမှုန်းလေတော့သည် ။
"အကိုတော် ကျွန်တော်ထိန်းထားမှာမို့ ခုချက်ခြင်း နန်းတော်ကိုပြန်ပါ......."
"မပြန်ဘူး ။ အတူတူတိုက်မယ်....."
"မဖြစ်ဘူး နန်းတော်မှာ ကျွန်တော်မရှိလို့ ဖြစ်တယ် ။ အကိုမရှိလို့က မဖြစ်ဘူး ။ ပြီးတော့ တူတော်ရှိသေးတယ်လေ ။ အချိန်ရတုန်း မြန်မြန်ပြန်ပါ......"
ကျောခြင်းကပ်တိုက်ခိုက်ရင်းကနေပြီး ညီဖြစ်သူကို ခေတ္တလှည့်ကြည့်လိုက်သည် ။ ညီဖြစ်သူက ခေါင်းငြိမ့်ပြသည်မို့ ပတ်ချာလည်ဝိုင်းနေသော ရန်သူကို အင်တိုက်အားတိုက်တိုက်ခိုက်ရင်း လွှတ်အောင် မနည်းရုန်းကုန်ပြီး မြင်းပေါ်တတ်ကာ ဒုန်းစိုင်းနှင်းပြီး နန်းတော်သို့ ပြန်ခဲ့လိုက်သည် ။
YOU ARE READING
My Favourite Medicine
FanfictionUNICODE...... 🔞အပိုင်းတိုင်းလိုလိုမှာ Sexအခန်းများပါဝင်သည့်အတွက် ကလေးသူငယ်များချင့်ချိန်ပြီးမှဖတ်ရန်🔞 ZAWGYI...... 🔞အပိုင်းတိုင်းလိုလိုမှာ Sexအခန်းများပါဝင်သည့်အတွက် ကလေးသူငယ်များချင့်ချိန်ပြီးမှဖတ်ရန်🔞