*6*

1.5K 72 23
                                    

Unicode.......

"ကင်ထယ်ဟျွန်း ခင်ဗျားကိုတွေ့ရင်ကို မိန်းကလေးတွေက ဖင်ကားပေချင်ကြတာချည်းပဲနော်....."


ဂျောင်ဂုမဲ့ရွဲ့ကာ ဆိုလိုက်သည် ။ ကားပေးချင်စရာကောင်းလောက်အောင်ကိုလည်း ဒီလူက ခန့်ငြားနေတာကိုတော့ ထည့်မပြောဖြစ်တော့။

"ငါ့ကိုမြင်တိုင်းဖင်ကားပေးကြပေမယ့် မင်းနဲ့ဆိုရင်တော့ ငါက လေးဘက်ကုန်းပေးရတာပဲလေ မင်းသားလေး ....."

ဂျောင်ဂုပြုံးရွှင်ကာ နောက်လှည့်ကြည့်လိုက်တော့ သူ၏နှုတ်ခမ်းနှင့်ကင်ထယ်ဟျွန်း၏နှုတ်ခမ်းက မိတ်ဆက်ပြီးသား ဖြစ်လို့သွားခဲ့သည်။

"ခင်ဗျားနမ်းဖူးတဲ့ နှုတ်ခမ်း‌တွေနဲ့ ကျွန်တော့်နှုတ်ခမ်းက ကွာခြားမှုရှိလား ...."

"အွန်း ငါနမ်းဖူးတဲ့နှုတ်ခမ်းတွေထက်ကို မင်းနှုတ်ခမ်းကအစများစွာသာတယ် ။ ဝါဂွမ်းသားထက်ကို ပိုပြီးနူးနူးညံ့ညံ့လေး....."

"အဲ့တော့ နူးညံ့ခြင်းမရှိတဲ့ နှုတ်ခမ်းတွေကို ထပ်နမ်းဖို့ အစီစဉ်ရှိသေးရဲ့လား ......"

"ကိုယ် အစီစဉ်မရှိတော့တာမို့ မင်းသားလေးက တိတ်တိတ်ဆိတ်ဆိတ်လေး ငြိမ်ပြီးလိုက်ပေးနိုင်မလား ။ မင်းသားမေးတာကို ဖြေနေရတာနဲ့ ကိုယ်အာရုံစူးစိုက်လို့မရတော့ဘူး......"

"ခင်ဗျားက ဘာကိုစူးစိုက်နေတာလဲ......"

"ကိုယ်မင်းထက်အသက်များကြီးကွာတယ် ။ခင်ဗျားဆိုတာက သိပ်ရိုင်းလွန်းတယ် မထင်ဘူးလား....."

"ဒါဆို ဦးလို့ ခေါ်မယ် ။မင်းသားလေးလို့ မခေါ်နဲ့ ။သဘောတူလား...."

"သဘောတူတယ်....."

"ဒါဆို ကျွန်တော်မေးတာကိုဖြေအုံး။ဦးက ဘာကိုအာရုံစူးစိုက်နေတာလဲ......"

"ညချိန်ဖြစ်တဲ့အတွက် ကိုယ်တို့တွေရဲ့အမြင်အာရုံက အားနည်းတယ်။အဲ့တော့ အကြားအာရုံကိုပဲ ကိုယ်တို့ကဦးစားပေးပြီး ဆက်သွားရတယ် ။ တိတ်တိတ်ဆိတ်ဆိတ်လေး အကြားအာရုံကို ဖြန့်ပြီး နားစိုက်ကြည့် ။ ပကတိကြည်လင်နေတဲ့အသံဆို အနီးအနားမှာရှိနေတာက သာမန်တိရိစ္ဆာန်။ အသံကစူးစူးဝါးဝါးနဲ့ နားပင်းသွားစေလောက်သည့်အသံဆို ကိုယ်တို့ပတ်ဝန်းကျင်မှာ သားရဲတွေရှိနေပြီဆိုတာပဲ........."

My Favourite Medicine Where stories live. Discover now