*5*

1.8K 80 9
                                    

UNICODE......

"ဘာလို့ တောထဲကနေပဲသွားတာလဲ ကင်ထယ်ဟျွန်း......"

"တောထဲက အန္တရာယ်အကင်းဆုံးပဲ......"

ကင်ထယ်ဟျွန်းစကားကြောင့် ဂျောင်ဂုနှာခေါင်းရှုံ့မိလိုက်သည် ။ အန္တရာယ်အကင်းဆုံးဆိုပဲ ။ ကင်ထယ်ဟျွန်းတို့စုရပ်ကိုသွားနေစဉ် တစ်လျှောက်လုံး သူတို့နှစ်ဦးစလုံးမိစ္ဆာသားရဲများဖြင့် မတိုးဘူးဆိုသော နေရာ လုံးဝကို မရှိ။ ဆက်သွားလေ မိစ္ဆာသားရဲတွေက ပေါ်ပေါ်လာလေပင် ။ဒါကို အန္တရာယ်အကင်းဆုံးဆိုပြီး ကင်ထယ်ဟျွန်း ဘယ်လိုများတွေးလိုက်ပါလိမ့်။

"မင်းဘာတွေးနေလဲ ကိုယ်သိတယ် ။ တောလမ်းကမသွားဘဲ လမ်းမဘက်ကသွားမယ်ဆို မင်းအတွက် အန္တရာယ်မကင်းဘူး ။ ပြီးတော့ ငါလည်း လူသတ်ရလိမ့်မယ်။လူသတ်မယ့်အစား သားရဲတွေကို သတ်ဖြတ်လိုက်တာမှ ကောင်းအုံးမယ် ....."

"ကျွန်တော့်ကို ဘာလို့လိုချင်နေကြတာလဲ ခင်ဗျားသိလား......"

"မင်းက နတ်သူငယ်သွေးရောတယ် ။ လူသားနဲ့နတ်သူငယ်နဲ့ပေါင်းစပ်ပြီးမှရလာတဲ့ကလေးက ထင်မှတ်မထားလောက်အောင် စွမ်းအားကြီးမားတယ် ။ငါ့အထင်အရ မင်းရဲ့စွမ်းအားက ကုသတဲ့စွမ်းအား ဖြစ်မယ်။အနမ်းတစ်ပွင့်နဲ့ ဒဏ်ရာတွေကုသနိုင်ပြီးမင်းရဲ့သုတ်ရည်က ခန္ဓာကိုယ်တွင်းအဆိပ်တွေကို ကုသနိုင်စွမ်းရှိတယ်ဆိုတော့လေ....."

နမ်းလိုက်တာနဲ့ ဒဏ်ရာဒဏ်ချက်တွေပျောက်တာတော့ မှန်ပါတယ် ။သူရဲ့သုတ်ရည်က အဆိပ်တွေကို ကုသနိုင်စွမ်းရှိတယ်ဆိုတာကတော့ လိမ်တာ ။ ခန့်ငြားလွန်းတဲ့ သတ်ဖြတ်သူ ကင်ထယ်ဟျွန်းကို ကြည့်ပြီး သူ သားအဖဇုန်အတွင်းသို့ လုံးဝမဝင်နိုင်။ ထို့ကြောင့် အနည်းငယ် ညာဏ်နီညာဏ်နက်များလိုက်ခြင်းပင်။ဒါကို ကင်ထယ်ဟျွန်းက အတည်ကြီး ယုံသွားပုံ။

"ဟို ကျွန်တော်တို့ ချစ်တင်းနှောပြီးပြီဆိုတော့လေ ကျွန်တော်နဲ့ခင်ဗျားပတ်သတ်မှုကဘာလဲဟင် ......."

"အွန်း မင်းနဲ့ကိုယ်က သားဖဆက်ဆံရေးမဟုတ်တော့တာတော့ သေချာပေါက်ပဲ ......."

ဂျောင်ဂုမှာလည်း ကင်ထယ်ဟျွန်းမမြင်အောင် ခေါင်းငုံ့ကာပြုံးလိုက်သည် ။ခုတော့  သူမလိုချင်တဲ့အရာ ဖြစ်မလာတော့ပေ။ မလိုလျင်တာ မရဖို့အတွက် ညာဏ်တစ်ခုသာ လိုသည်ဆိုတာ အမှန်ပဲကိုး။

My Favourite Medicine Where stories live. Discover now