"မင်းဒီကိုဘာလာလုပ်တာလဲ"
ခုနကတစ်ယောက်ထဲ ပြောနေသော အသံနှင့် အခုအသံဟာ လုံး၀ကွဲပြားနေလေသည်။ဒီအမျိုးသမီးကတော့လေ ဖက်နမ်းလိုက်ရ။
"မင်းမကြားဘူးလား ဘာလာလုပ်တာလဲလို့"
ဒေါ်ကေတီ၏အသံမာလာမှ yunaလဲ အသိပြန်၀င်လာတော့သည်။
"အော်..အဲ့တာလား...ခုနကပြောသလိုပဲလေ..ဒေါ်ကေတီရဲ့ "
စကားပြောအပြီးမှာ အိမ်အပေါက်၀ကနေ တစ်လှမ်းချင်းလှမ်းကာ ဒေါ်ကေတီ့အားကျော်၍ ထိုင်ခုံပေါ်သွားထိုင်နေလေသည်။
တော်တော်မျက်နှာပြောင်တိုက်တဲ့ ကလေးမပဲဟု ဒေါ်ကေတီ ကောက်ချက်ချလိုက်သည်။"မင်း.."
"ဟော..စိတ်လျော့ပါဒေါ်ကေတီ ဧည့်သည်ကိုတော့ ဧည့်မခံချင်ရင်တောင် ထိုင်ခွင့်တော့ပြုသင့်တယ်မဟုတ်လား ကျွန်မတို့ကသူစိမ်းတွေမှမဟုတ်ပဲ လုပ်ဖော်ကိုင်ဖက်တွေမလား ပြီးတော့ကျွန်မခြေထောက်တွေနာလာလို့ မယုံရင်ဒီမှာကြည့်"
ဟုတ်ပါရဲ့ ဒေါက်ဖိနပ်ကြောင့် ဖြူဖွေးနေသောခြေမျက်စိလေးမှာနီရဲလို့နေသည်။
"ဟူး"
ဒေါ်ကေတီသက်ပြင်းချကာ
"မင်း ပြန်သင့်ပြီနော် ကလေးမ"
"ဟော..ဒေါ်ကေတီရေ ကျွန်မအသက်ကို မသိသေးပါဘူး ကျွန်မကို ကလေးမ ကလေးမနဲ့ မခေါ်ပါနဲ့ ကျွန်မ မကြိုက်ဘူး"
"မင်းကြိုက်တာရောရှိသေးရဲ့လား"
"ရှိတယ် ဒေါ်ကေတီခိုင်ကိုတော့ ကျွန်မကြိုက်တယ်"
"ဘာ!!"
"စတာပါဒေါ်ကေတီရဲ့...ဟင်.. မိုးချုပ်တော့မှာပဲ"
ဒေါ်ကေတီလဲ အပြင်တစ်ချက်လိုက်ကြည့်လိုက်မှ
"ဟုတ်သားပဲ မိုးချုပ်နေပြီ "
ဒေါ်ကေတီစိတ်ထဲ၌သာပြောလိုက်ရသည် မဟုတ်ရင်ထိုကလေးမ၏ မပြီးဆုံးနိုင်သောစကားကိုသာကြားရလိမ့်မည် မဟုတ်လား။
"အဲ့တော့ မင်းပြန်သင့်ပြီမထင်ဘူးလား"
ဒေါ်ကေတီyunaကိုစိုက်ကြည့်ကာပြောလိုက်သည်။
YOU ARE READING
အကြင်နာသူမ(ongoing)
Romance"ကံ့ကော်ပန်းလေးတွေကြည့်ပြီး တစ်စုံတစ်ယောက်ကိုသတိရမိတယ် အဲ့လူက ကိုယ့်ရဲ့နှလုံးသားကို ပန်းတွေပွင့်စေခဲ့တဲ့ တစ်ဦးတည်းသောလူပေါ့" ဒေါ်ကေတီခိုင်💐